မိခင်ဘဝရောက်သွားလည်း စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်လိုက်ပါ

blank
Baguette Bake Bread Homemade Wheat Waitress Concept

ကျွန်မတို့အမျိုးသမီးတွေအများစုက အိမ်ထောင်ကျ၊ ကလေးရပြီး မိခင်ဘဝကို ခံယူလိုက်ရပြီဆိုတာနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်တတ်ကြတယ်။ တကယ်ရော ဒီလိုလုပ်ဖို့လိုလို့လား။

မိခင်ဘဝဆိုတာ ခက်ခဲပင်ပန်းပါတယ်။ ကိုယ်ပိုင်အချိန်ဆိုတာမရှိ၊ စိတ်အပန်းဖြေတယ်ဆိုတာမရှိ၊ ကိုယ်ပိုင်ဝါသနာနဲ့ စိတ်ကူးအိပ်မက်တွေအတွက်ဆို ပိုလို့တောင် ဆိုးပါသေးတယ်။ ဒါပေမဲ့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။ မိခင်တာဝန်လည်း ကျေပွန်ရင်း၊ သားသမီးတွေနဲ့လည်း ပျော်ရွှင်ရယ်မောရင်း ကိုယ့်ရဲ့ တီထွင်နိုင်စွမ်းနဲ့ ဝါသနာကို ဖြစ်မြောက်အောင် ကြိုးစားစွမ်းဆောင်နိုင်မယ့် နည်းလမ်းလေးတွေပေါ့။

၁။ မိခင်ဘဝကနေစပြီး ပျော်ရွှင်စရာရှာပါ။

မိခင်ဘဝရဲ့ ပျော်စရာအခိုက်အတန့်လေးတွေကို တီထွင်ဖန်တီးနိုင်စွမ်းနဲ့ရောစပ်ပြီး ပျော်စရာလေးဖြစ်အောင် လုပ်ပါ။ သားသမီးတွေအကြောင်း စာရေးပါ။ သားသမီးတွေရဲ့ ဓာတ်ပုံလေးတွေကို DIY လေးတွေနဲ့ ဖန်တီးပြီး အလှဆင်ပါ။

၂။ မိခင်ဘဝရောက်သွားတဲ့အတွက် ပြောင်းလဲသွားမှုတွေကို မြင်အောင်ကြည့်ပါ။

မိခင်တစ်ယောက်ဖြစ်သွားတဲ့အခါမှာ ကိုယ့်ဘဝမှာ ဘာတွေပြောင်းသွားလဲဆိုတာ သိအောင်လုပ်ပါ။ အဲဒီပြောင်းလဲမှုတွေကနေ အခွင့်အရေးယူပြီး တီထွင်ဖန်တီးနိုင်စွမ်းနဲ့ အရည်အချင်းတွေကို ပိုမိုတောက်ပြောင်လာအောင် ကြိုးစားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ သားသမီးတွေကို အတူတူပါဝင်အောင် စည်းရုံးပါ။

ကိုယ်ဝါသနာပါတာကို တစ်ယောက်တည်းလုပ်နေမှာထက် သားသမီးတွေကို အတူတူပါဝင်နိုင်အောင် ဆွဲခေါ်ပါ။ ပန်းချီဆွဲတာကို ဝါသနာပါတယ်ဆိုရင် သားသမီးတွေနဲ့အတူတူ ပန်းချီဆွဲပါ။ တခြားအလုပ်လေးတွေဆိုလည်း ကူလုပ်ခိုင်းပါ။

၎။ လောကကြီးကို သားသမီးတွေရဲ့ အမြင်ကနေတဆင့် ကြည့်ပါ။

ကလေးတွေကို ပတ်ဝန်းကျင်မှာ ဘာတွေကြားရလဲ၊ ဘာတွေမြင်လဲ၊ ဘယ်လိုနားလည်လဲဆိုတာကို လေ့လာခိုင်းပါ။ ပြီးရင် သူတို့ရဲ့ အတွေးအမြင်လေးတွေကို သင့်ရဲ့ဝါသနာနဲ့ ပေါင်းစပ်ပြီး အတူတူ ပုံဖော်ကြည့်ပါ။

၅။ ဘယ်သွားသွား ဝါသနာနဲ့ဆိုင်တဲ့ ကိရိယာပစ္စည်းလေးတွေ သယ်သွားပါ။

ပန်းချီဝါသနာပါတဲ့သူဆိုရင် ပန်းချီပစ္စည်းလေးတွေ၊ စာရေးဝါသနာပါတဲ့သူဆိုရင် စာရေးလို့ရမယ့် laptop ဒါမှမဟုတ် စာအုပ်နဲ့ ဘောပင်န်လေးတွေကို ဘယ်သွားသွား သယ်သွားပါ။ ကလေးတွေ အိပ်နေတဲ့အချိန်၊ ကစားနေတဲ့အချိန်တွေမှာ ဝါသနာပါတာလေးတွေ လုပ်နေနိုင်တယ်လေ။

မိခင်တစ်ယောက်ဖြစ်သွားတယ်ဆိုတာ ဘဝမှာ မှတ်တိုင်အသစ်စိုက်ထူနိုင်ခဲ့ခြင်းပါ။ ခရီးဆုံးသွားတာ မဟုတ်ပါဘူး။ ကိုယ့်ရင်ကဖြစ်တဲ့ သားသမီးတွေကို လက်ဆွဲပြီး ဘဝခရီးကို အကောင်းဆုံးဆက်လက်လျှောက်လှမ်းနိုင်ပါသေးတယ်။ ဘာကြောင့်မှ လက်မလျှော့လိုက်ပါနဲ့နော်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။