နာကျင်နေလား။ ဒါလေးဖတ်ကြည့်ပါ။

မိတ်ဆွေ…

နာကျင်မှုတွေဆိုတာ လူတိုင်းရဲ့ဘဝမှာ လွတ်ကင်းနိုင်တဲ့အရာမဟုတ်ပါဘူး။ သင်လည်း နာ ကျင်မှုတွေမရှိတဲ့ဘဝကို ပိုင်ဆိုင်ချင်လို့ မရပါဘူး။ ဒါကြောင့် သင်မဖိတ်ခေါ်ဘဲ သင့်ဘဝထဲ ဝင်ရောက် လာတဲ့နာကျင်မှုတွေကို ဆန့်ကျင်တားမြစ်ချင်လို့ မရပါဘူး။ နာကျင်မှုတွေကို လက်ခံလိုက်ပါ။ ဒါပေမဲ့ သင့်ဘဝရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့သာလက်ခံပြီး ဘဝတစ်ခုလုံးတော့ ဘယ်တော့မှ အဖြစ်မခံပါနဲ့။

နာကျင်စရာက ဘယ်လိုအရာပဲဖြစ်နေပါစေ။ သင့်မှာ အဲ့ဒီနာကျင်မှုကို ရင်ဆိုင်ဖို့ လုံလောက် တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုရှိပြီးသားဆိုတာ ယုံကြည်ပါ။ ကြံ့ခိုင်တဲ့နေ့ရက်တွေဆိုတာ အစစအရာရာ အ ဆင်ပြေပြီး အိပ်ရာထဲဇိမ်ကျကျနေနေရတဲ့ရက်မျိုးဖြစ်နိုင်သလို ဝမ်းနည်းပြုံးနဲ့ ကမ္ဘာကြီးကို အားတင်း ရင်ဆိုင်နေရတဲ့နေ့ရက်တွေလည်း ဖြစ်နိုင်ပါတယ်။ နာကျင်တဲ့အခါ အချစ်ဆုံးသူငယ်ချင်းတွေရဲ့ ပုခုံး တစ်ဖက်ကို ငှားပြီးငိုပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အားရအောင် ငိုကြွေးပြီးတဲ့အခါ လဲနေရာက ပြန်ထပါ။

ဘဝဆိုတာ အဆိုးအကောင်းဒွန်တွဲနေတဲ့အတွက် နာကျင်စရာတွေနဲ့ပဲ အမြဲဖြတ်သန်းသွားရ မယ့်နေရာတစ်ခုမဟုတ်တာကို သတိရလိုက်ပါ။

စိတ်ဓာတ်ခွန်အားသစ်တွေရရှိဖို့ စာစောင်လေးကို SHARE လိုက်ပါဦးနော်။