နေ့သစ်တစ်ခုကို ရင်ဆိုင်ဖို့ ခွန်အားအပြည့်နဲ့ နိုးထလိုက်ပါ။

blank

အိပ်ရာပေါ်မှာ လူးလှိမ့်နေမယ့်အစား ပျော်ရွှင်စရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့နေ့တစ်နေ့ ပိုင်ဆိုင်ရဖို့ ပြင်ဆင်လိုက်စမ်းပါ။

ဘဝဆိုတာ ပျင်းစရာမကောင်းပါဘူး။ အမြဲတမ်းလှုပ်ရှားရုန်းကန်ရမှုတွေနဲ့ပဲ ပြည့်နှက်နေဖို့လည်း မလိုပါဘူး။ မနက်ခင်းမှာသာ စိတ်ကြည်ကြည်လင်လင်နဲ့ နိုးထလာခဲ့မယ်ဆိုရင် ဘဝဟာ စိတ်လှုပ်ရှားစရာကောင်းတယ်၊ ပျော်စရာကောင်းတယ်၊ အံ့သြစရာလည်း ကောင်းပါလိမ့်မယ်။ ဒါကြောင့် အိပ်ရာထဲမှာ လူးလှိမ့်ပြီး ဖုန်းပွတ်နေမယ့်အစား အိပ်ရာကထပြီး ကိုယ်လက်လေ့ကျင့်ခန်းလေးတွေ လုပ်လိုက်ပါ။

တစ်နေ့တာကို အင်အားရှိစွာနဲ့ စတင်လိုက်ပါ။ သံသယတွေ၊ ကြောက်ရွံ့မှုတွေနဲ့ ကိုယ် ပိုင်ဆိုင်ခွင့်မရှိတဲ့အရာတွေကို လှမ်းမျှော်နေမယ့်အစား အခုရှေ့မှာရှိနေတဲ့ အခွင့်အရေးကိုပဲ အသုံးချလိုက်ရအောင်။ ဆော့ကစားလိုက်ပါ။ ရယ်မောလိုက်ပါ။ ပျော်စရာတွေဖန်တီးပြီး အရာအားလုံးကို ပြောင်းလဲလိုက်ပါ။

နိုးထလိုက်ပါ။ ဒီနေ့ဟာ နေ့သစ်တစ်နေ့ဖြစ်တဲ့အတွက် သင့်စိတ်ထဲမှာ ရှိတဲ့အရာအားလုံးကို သင်ဖန်တီးလိုက်နိုင်ပါတယ်။ မနက်ခင်းမှာ စိတ်ကြည်ကြည်လင်လင် နိုးထလာခြင်းက အရာဝတ္ထုတွေနဲ့ ကမ္ဘာကြီးပေါ် ရှုမြင်ပုံတွေကို တမုဟုတ်ချင်း ပြောင်းလဲလိုက်နိုင်မှာပါ။ လူတိုင်းကတော့ ကမ္ဘာကြီးက ဘယ်လိုအရာဆိုတာ မြင်နိုင်တာပါပဲ။ ဒါပေမဲ့ ရဲရင်တဲ့ သူတစ်ယောက်ကသာ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တာပါ။

သင်ဟာ ရဲရင့်တဲ့သူတစ်ယောက်ပါ။ ဘဝမှာ ကြီးကျယ်ခမ်းနားတဲ့ အပြောင်းအလဲတွေ ဖန်တီးနိုင်ဖို့ စွမ်းအားရှိပြီးသားပါ။ ဒီဖန်တီးနိုင်စွမ်းအားလုံးဟာ ကိုယ့်အာရုံကိုယ်နှိုးဆော်နိုင်မှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့၊ အရာအားလုံးကို အကောင်းမြင်တတ်ခြင်းတွေကနေ စတင်ပါတယ်။

သင့်အမြင်တွေကို ပြောင်းလဲလိုက်ပါ။ သင့်ပုံသဏ္ဍာန်ကို ပြောင်းလဲလိုက်ပါ။ သင့်သဘောထားတွေကို ပြောင်းလဲလိုက်ပါ။ အရာအားလုံးဟာ သင့်ရွေးချယ်မှုပေါ်မှာပဲ မူတည်ပြီး ပြောင်းလဲသွားတာပါ။

သင်ဟာ မပြည့်စုံဘူး။ ဥစ္စာလည်း မကြွယ်ဝဘူး။ အိပ်မက်တွေလည်း မပြီးမြောက်သေးဘူးဆိုတာနဲ့ အားငယ်နေစရာမလိုပါဘူး။ သင့်မှာ အရာအားလုံးကို တရားနည်းလမ်းကျကျနဲ့ ပြောင်းလဲပစ်နိုင်တဲ့ အရည်အချင်းတွေရှိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါဟာ နေ့သစ်တစ်နေ့ပါ။ ပျော်ပျော်ရွှင်ရွှင်နေလိုက်ပါ။ သင့်ကို စိတ်လှုပ်ရှားစေတဲ့အရာတစ်ခုခုကို လုပ်ဆောင်နေလိုက်ပါ။ ဘဝက သင့်ကို အလဲထိုးလိုက်တာကို လက်မခံပါနဲ့။ သင်ဟာ စကတည်းက အံ့အားသင့်စရာကောင်းပြီးသားပါ။ သင့်ကမ္ဘာထဲက အရာအားလုံးဟာ လှပပြီးတော့ အံ့အားသင့်စရာကောင်းပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက သင့်စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နေတဲ့အချိန်မှာ အပြုံးတစ်ပွင့်ကို အမြဲတပ်ဆင်ထားဖို့တော့ မမေ့ပါနဲ့။

သင်လုပ်နိုင်တဲ့အရာကို အကောင်းဆုံးလုပ်လိုက်ခြင်းက သင့်ကို ဂုဏ်ယူစေမှာပါ။ ဒါဟာ အောင်မြင်မှုရဲ့ အဓိပ္ပာယ်ပါပဲ။

စာချစ်သူတို့ကော ကမ္ဘာကြီးကို ပြောင်းလဲနိုင်လောက်အောင် ရဲရင့်ပြီလား…