သင့်ကိုယ်သင်ချစ်ပါ။ သင့်ကိုချစ်တဲ့သူအပေါ်လည်း တန်ဖိုးထားပါ။

blank

တစ်ခါတုန်းက ချစ်ရမှာကြောက်တဲ့ ဖြူဖြူဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။ ဖြူဖြူရဲ့ဖခင်ဟာ ဆေးလိပ်သောက်လွန်းတာကြောင့် ကင်ဆာဖြစ်ပြီး ဖြူဖြူ ၁၃ နှစ်သမီးအရွယ်မှာပဲ ကွယ်လွန်သွားခဲ့တယ်။ ဖြူဖြူ့မိခင်ဟာ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခဲ့ရတာကြောင့် ဖြူဖြူကလည်း အချစ်ကိုရှာရမှာ ကြောက်နေခဲ့ တယ်။

ဒါပေမဲ့ ကံကြမ္မာဆိုတာ အံ့သြစရာကောင်းပါတယ်။ ဆေးလိပ်ကိုမုန်းတဲ့ဖြူဖြူဟာ ဆေးလိပ်မပြတ် သောက်တဲ့ ကျော်ကျော်ဆိုတဲ့ ကျောင်းနေဖက်သူငယ်ချင်းနဲ့ကြိုက်သွားပါတယ်။ ချစ်သူတွေဖြစ်ကတည်းက ဖြူဖြူဟာ သူမဖခင်ရဲ့ဇာတ်လမ်းကို ပြောပြပြီး ကျော်ကျော့်ကို ဆေးလိပ်မသောက်ဖို့ ပြောပေမဲ့ ကျော်ကျော် ကတော့ သောက်တာပါပဲ။ နောက်ပိုင်းကျတော့ ကျော်ကျော်စိတ်ဆင်းရဲတာ မမြင်ရက်တာနဲ့ ဖြူဖြူက ဆေးလိပ် ဖြတ်ဖို့ မပြောတော့ပါဘူး။ ချစ်သူသက်တမ်း ၃ လကြာတဲ့အခါမှာ ကျော်ကျော်ဟာ emphysema လို့ခေါ်တဲ့ အဆုတ်ရောဂါကို ခံစားခဲ့ရတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကျော်ကျော်ဟာ ရောဂါပြင်းထန်တာကြောင့် ၂ နှစ်လောက်ကုသမှုခံယူရပါတယ်။ အဲ့ဒီအတွင်း သူ့ကျန်းမာရေးအခြေအနေကိုကြည့်ပြီး ဆရာဝန်က သူအသက်မရှည်ဘူးလို့တောင် ထင်ပါတယ်။ ဒါပေမဲ့ ဖြူဖြူ အပြုစုကောင်းတာကြောင့် ၂ နှစ်အပြီးမှာ ပြန်နလံထလာခဲ့ပါတယ်။ ဖြူဖြူဟာ သူမရဲ့အချိန်တွေအားလုံးကို ကျော်ကျော်နဲ့အတူ ဆေးရုံမှာပဲ ကုန်ဆုံးစေခဲ့ပါတယ်။ ကျော်ကျော် နေကောင်းလာတော့ ဆေးလိပ်လည်းပြတ်သွားပါတယ်။ သူဟာ ဖြူဖြူနဲ့လက်ထပ်ပြီး တစ်သက်လုံး ပျော်ပျော် ရွှင်ရွှင်နေထိုင်သွားတော့တယ်။ ဒါပေမဲ့ အစောပိုင်းကတည်းက ဖြူဖြူ့စကားနားမထောင်ခဲ့မိတဲ့အတွက်တော့ သူ့ကိုယ်သူအပြစ်ရှိသလို အမြဲခံစားခဲ့ရပါတယ်။ ဒါကြောင့် သူနဲ့ခင်မင်တဲ့မိတ်ဆွေတွေကို သူက အောက်ပါစကားတစ်ခွန်းကို အမြဲပြောလေ့ရှိတယ်။

အဲ့ဒါကတော့ “ ကိုယ့်သူငယ်ချင်းတွေလုပ်စေချင်တဲ့အရာ အခု ၁ဝဝ ကိုလုပ်ချင်လုပ်ပါ။ ဒါပေမဲ့ ကိုယ့်ကို တကယ်ချစ်တဲ့သူမလုပ်စေချင်တဲ့ အရာတွေထဲက အနည်းဆုံးတစ်ခုကိုလည်း စွန့်လွှတ်ပေးပါ။ ဆေးလိပ်က ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ကျွန်တော်မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒါကို ဆေးလိပ်ဘူးခွံပေါ်မှာ ရေးထားပြီးသားပဲလေ။ ပြောချင်တာက ကိုယ့်ကိုယ်ကိုအတွက် ဆေးလိပ်ကိုသောက်ပြီးသားဖြစ်နေရင်တောင် ကိုယ်ချစ်တဲ့သူအတွက် ဆေးလိပ်ကို ဖြတ်ပစ်လိုက်ပါ ” ဆိုတဲ့စကားပါ။

ကဲ… သင်ကော သင့်ချစ်သူ၊ ဒါမှမဟုတ် သင့်ကိုချစ်တဲ့မိသားစုက ဆေးလိပ်မသောက်ဖို့ တောင်းဆိုလာတဲ့အခါ ဒီအချစ်စစ်ပုံပြင်လေးကို သတိရလိုက်ပါနော်။ ပြီးတော့ သင်ပြုလုပ်မိတဲ့အမှား တစ်ခုကြောင့် သင့်ကိုချစ်တဲ့သူတွေကိုပါ နာကျင်ခံစားရစေချင်လားဆိုတာကိုလည်း သင့်ကိုယ်သင် မေးကြည့်လိုက်ပါနော်။

ဒီဇာတ်လမ်းလေးဖတ်ပြီး မျှဝေချင်တဲ့တစ်ယောက်ယောက်ရှိရင်လည်း mention ခေါ်လိုက်ပါဦးနော်။