ခက်ခဲကြမ်းတမ်းဆုံးအချိန်ကိုကျော်ဖြတ်နေရတဲ့အခါ သတိရသင့်တဲ့အချက် ၈ ခု

blank

၁။ အရာရာပြောင်းလဲနေတဲ့လောကကြီးမှာ သင်ကြုံနေရတဲ့အခက်အခဲဆိုတာလည်း သင့်ဘဝအ ပြောင်းအလဲတစ်ခုခုကို ဖန်တီးပေးမယ့် အခွင့်အရေးတစ်ခုဖြစ်တယ်။

၂။ အရင်ကလည်း အခက်အခဲတွေကို သင်ကျော်လွှားခဲ့ဖူးတယ်။ ဒီအခက်အခဲကိုလည်း သင် သေချာ ပေါက်ကျော်လွှားသွားနိုင်မှာ ဖြစ်တယ်။

၃။ ဒါဟာ သင့်ဘဝအတွက် တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေကို သင်ယူနေရတာဖြစ်တယ်။

၄။ လောကကြီးမှာ အဆိုးအကောင်းဒွန်တွဲနေတာမို့ အဆိုးတွေကြုံလာရင်လည်း လက်ခံနိုင်ဖို့ ကြိုးစား သင့်တယ်။

၅။ အခက်အခဲတွေထဲမှာပဲ သင့်ကိုယ်သင်လှောင်ပိတ်မထားဘဲ ရယ်မောစရာလေးတွေကို ရှာဖွေသင့် တယ်။

၆။ သင့်ကိုယ်သင်ကြင်နာခြင်းကသာ လက်ရှိအချိန်မှာ သင့်အတွက် အလိုအပ်ဆုံး ဆေးဝါးဖြစ်တယ်။

၇။ တခြားသူတွေရဲ့အဆိုးမြင်စိတ်တွေကြောင့် သင့်ကိုယ်သင် ပိုမွန်းကြပ်နေအောင်လုပ်နေမိတာ ရပ် သင့်တယ်။

၈။ အားလုံးကျော်ဖြတ်သွားနိုင်တဲ့တစ်နေ့မှာ ဒီအဖြစ်အပျက်က သင့်အတွက် ကျေးဇူးတင်စရာဖြစ်လာ မှာ သေချာပါတယ်။

အခက်အခဲတွေကြုံတိုင်းပြန်အားတင်းနိုင်အောင် ဒီစာလေးကို SHARE ထားလိုက်ပါနော်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။