အမျိုးသမီးတိုင်း သိထားသင့်တဲ့ လောကဝတ်များ

blank

စာချစ်သူတို့ရေ..

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အိနြေ္ဒ၊ သိက္ခာပိုရှိရမယ်လို့ သတ်မှတ်ကြတာကြောင့် လူဘုံအလယ်မှာလည်း ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြရပါတယ်။ ဒါ့အပြင် အိမ်မှာနေရင်လည်း လိုက်နာရမယ့် စည်းကမ်းတွေ ရှိပါသေးတယ်။ အမျိုးသမီးတွေ လက်တွေ့လိုက်နာသင့်တဲ့ အခြေခံစည်းကမ်းလေးတွေကို စာချစ်သူတို့ ဗဟုသုတရစေဖို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

  • အိမ်ကို ဧည့်သည်လာတဲ့အခါ အိမ်သာ၊ ရေချိုးခန်းတွေကို အရင်လိုက်ပြပါ။
  • လူဘုံအလယ်မှာ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့နေရာတွေမှာ ပိုက်ဆံအိတ်ကို ခဏခဏမဖွင့်ပါနဲ့။
  • လူအများရှေ့မှာ ခေါင်းဖီးတာ၊ မိတ်ကပ်ပြင်လိမ်းတာတွေ မလုပ်ပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

  • အိမ်မှာဖြစ်ဖြစ်၊ တခြားနေရာမှာဖြစ်ဖြစ် အခန်းခြားနေရင် လှမ်းအော်မပြောပါနဲ့။
  • ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့အခါ မိမိခုံထက်မြင့်တဲ့ နေရာပေါ်ကို ခြေထောက်တွေ လှမ်းမတင်ပါနဲ့။
  • အပြုအမူတွေကို စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။
  • သူငယ်ချင်းတွေနဲ့ တွေ့နေချိန်မှာ ဖုန်းမသုံးပါနဲ့။

ဒီအချက်လေးတွေဟာ လူတွေ သိပ်သတိမထားမိကြတဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူလေးတွေပါ။ ဒါကြောင့် ဘဝအတွက် ဒီအပြုအမူလေးတွေကို သင့်ရဲ့သူငယ်ချင်းကောင်းလေးတွေလို သဘောထားပြီး လက်ခံသင့်ပါတယ်။

တချို့စည်းကမ်းလေးတွေက သင့်အတွက် လွယ်ကူနေသလို၊ တချို့ကိုတော့ လေ့ကျင့်ယူသင့်ပါတယ်။ ဒီအပြုအမူနဲ့ စည်းကမ်းချက်လေးတွေဟာ သင့်ကို လူမှုရေးသိတတ်သူတစ်ယောက်ဖြစ်အောင် ပြုပြင်ပေးပါတယ်။ ဒါကြောင့် ဒီစည်းကမ်းလေးတွေကို လိုက်နာကြရအောင်နော်။

ဗဟုသုတတွေ ရစေဖို့ ဒီစာစောင်လေးကို မျှဝေလိုက်ပါဦးနော်။