အားနာတတ်မှ ယဉ်ကျေးတယ်ခေါ်တာလား။ အားမနာတတ်တိုင်း ရိုင်းပျတာလား။

blank

“ အားနာလိုက်မိတာ ကိုယ်ပဲစိတ်ညစ်ရတယ်” ဆိုတဲ့ညည်းညူစကားမျိုး သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ တစ်ယောက်ယောက်ဆီက ကြားဖူးမှာပါ။ တကယ်တော့ စိတ်ပညာအရ အားနာတယ်ဆိုတာ ကြောက်ခြင်းတစ်မျိုးပါပဲတဲ့။ သူတို့ဆန္ဒကို ကိုယ်မလိုက်လျောလိုက်တဲ့အတွက် သူတို့ ငြိုငြင်မှာ၊ မုန်း သွားမှာ၊ ဆက်ဆံရေးအဖုအထစ်ဖြစ်သွားမှာတွေကို မသိစိတ်ကကြောက်ပြီး ကိုယ့်ဆန္ဒမပါဘဲ ဆောင် ရွက်ပေးတာမျိုးပါ။

နောက်ဆက်တွဲအနေနဲ့ ကိုယ်ပဲ မပျော်မရွှင်ဖြစ်ရပါတယ်။

ဒါပေမဲ့ လူတွေက “ ဒီလူက သိပ်အားနာတတ်တာ။ သဘောကောင်းတယ်” လို့ သတ်မှတ်ကြ ပါတယ်။ ကိုယ်စိတ်မပါရင် ဘယ်သူ့ကိုဖြစ်ဖြစ် အားမနာတမ်းငြင်းတတ်တဲ့လူစားမျိုးတွေကိုတော့ “ ဒီ လူက ပြောစရာရှိရင် အားလည်းမနာတတ်ဘူး။ လူ့ခွစာကြီး” လို့ ကင်ပွန်းတပ်တတ်ကြတယ်။ တစ် နည်းအားဖြင့် သဘောမကောင်းဘူးလို့ ပြောချင်တာပါ။ လူဆိုတာ ပတ်ဝန်းကျင်နဲ့နေထိုင်ကြရတာမို့ စာချစ်သူတို့ပတ်ဝန်းကျင်မှာလည်း အားနာတတ်သူတွေကော၊ အားမနာတတ်သူတွေကိုပါ တွေ့ဖူးကြ မှာပါ။

အဲ့ဒီလိုတွေ့တဲ့အခါတိုင်း အားနာတတ်သူမှ ယဉ်ကျေးသူလို့ ထင်လား။ အားမနာတတ်တိုင်း ရိုင်းပျတဲ့သူလို့ မြင်လား။

အမြင်လေးတွေ ပါဝင်ဆွေးနွေးခဲ့ကြပါဦးနော်။