ပျော်ရွှင်သူတွေရဲ့ဘဝနေထိုင်နည်းများ

blank
၁။ ပွင့်ပွင့်လင်းလင်းရှိကြတယ်။

ပျော်ရွှင်နေသူတွေဟာ ရှိတာလေးနဲ့ ရောင့်ရဲတတ်ကြတယ်။ အခက်အခဲတွေ ရှိရင်လည်း ပျော်ပျော်ကျော်ဖြတ်တတ်ကြပါတယ်။

၂။ အကောင်းမြင်စိတ်မွေးကြတယ်။

ပျော်ရွှင်နေသူတွေဟာ အခွင့်အလမ်းတွေ ဆုံးရှုံးသွားရင်တောင် အကောင်းမြင်စိတ်မွေးပြီး သင်ခန်းစာယူတတ်ကြပါတယ်။

၃။ ပြိုင်ဆိုင်တာတွေ လျှော့ကြတယ်။

ပျော်ရွှင်နေသူတွေဟာ မနာလိုစိတ်နဲ့ ယှဉ်ပြိုင်ခြင်းကို ရှောင်ရှားကြတယ်။ သူတို့ကိုယ်သူတို့ပဲ ပြိုင်ဆိုင်ကြပါတယ်။

၎။ ကြင်နာစိတ်မွေးမြူကြတယ်။

ပျော်ရွှင်နေသူတွေဟာ တစ်ကိုယ်ကောင်းစိတ်တွေ ဖယ်ရှားပြီး သူတစ်ပါးကို ကူညီတတ်ကြ တယ်။

၅။ စိတ်ရင်းနဲ့ပေါင်းသင်းလေ့ရှိကြတယ်။

ပျော်ရွှင်နေသူတွေဟာ ပေါင်းသင်းဆက်ဆံရေးမှာ စိတ်နှစ်ကိုယ်နှစ်ပေါင်းတတ်ကြတယ်။

၆။ နည်းလမ်းကောင်းတွေကို အတုယူတတ်ကြတယ်။

ပျော်ရွှင်နေသူတွေဟာ ကျန်းမာရေးနဲ့ပတ်သက်တာဖြစ်ဖြစ်၊ လူမှုရေးနဲ့ပတ်သက်တာဖြစ်ဖြစ် နည်းလမ်းကောင်းတွေကို အတုယူတတ်ကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ ခွင့်လွှတ်တတ်ကြတယ်။

ပျော်ရွှင်နေသူတွေဟာ အမုန်းပွားခြင်းက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ ခံယူပြီး ခွင့် လွှတ်ပေးတတ်ကြတယ်။

၈။ အတွေ့အကြုံသစ်တွေ ရှာဖွေကြတယ်။

ပျော်ရွှင်နေသူတွေဟာ အချိန်ကို အလကားမဖြုန်းတတ်ကြပါဘူး။ သူတို့လုပ်ရမယ့် အလုပ်အပေါ် အာရုံစူးစိုက်ကြတယ်။ သူတို့ကိုယ်သူတို့ ယှဉ်ပြိုင်ရင်း အတွေ့အကြုံတွေ ရှာဖွေတတ်ကြပါတယ်။

၉။ ပျော်ရွှင်စရာတွေ ဖန်တီးယူကြတယ်။

စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာ အလိုလိုဖြစ်လာတာ မဟုတ်ဘူးလို့ ခံယူပြီး ပျော်ရွှင်နေသူတွေဟာ ပျော်စရာတွေကို သူတို့ကိုယ်တိုင် ဖန်တီးယူတတ်ကြပါတယ်။

၁ဝ။ ရည်မှန်းချက်ပန်းတိုင်တွေကို မဖြစ်ဖြစ်အောင် လုပ်တတ်ကြတယ်။

ပျော်ရွှင်နေသူတွေဟာ လိုချင်တာတွေ ဖြစ်လာဖို့ ရည်မှန်းချက်တွေအတိုင်း လုပ်ဆောင်တတ်ကြပါတယ်။

၁၁။ စိတ်ကို လေ့ကျင့်ပေးကြတယ်။

ပျော်ရွှင်နေသူတွေဟာ စိတ်ကို အလေ့အကျင့်တွေ လုပ်ပေးတတ်ပြီး ဟာသဉာဏ်လည်း ရွှင်ကြပါတယ်။

၁၂။ ကျန်းမာရေးကို ဂရုစိုက်ကြတယ်။

ပျော်ရွှင်နေသူတွေဟာ ပျော်ရွှင်သူတစ်ယောက်ဖြစ်ဖို့ ခန္ဓာကိုယ်ကို ဂရုစိုက်ပေးဖို့ လိုအပ်တယ် လို့ ခံယူတတ်ကြပါတယ်။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။