တစ်မိနစ်တိုင်းမှာ သင့်ခန္ဓာကိုယ်က သင်မသိအောင် ဘာတွေလုပ်နေလဲသိလား။

blank

သင်အိပ်ပျော်သွားတိုင်း သင့်ခန္ဓာကိုယ်ကြီးနဲ့ သင့်ဦးနှောက်ကလည်း အနားရနေတယ်ထင်လား။ သူတို့က သင့်အတွက် ၂၄ နာရီမပြတ် တာဝန်ထမ်းဆောင်ပေးနေပါတယ်။ တစ်ခါတလေ သင့်ခန္ဓာကိုယ်က ဘာတွေလုပ်နေတယ်ဆိုတာ သင်တောင် မသိလိုက်ဘူးမဟုတ်လား။ မသိလိုက်တာတွေ သိသွားအောင် အောက်မှာ ဆက်ဖတ်ကြည့်လိုက်ပါ။

၁။ ကင်ဆာရောဂါကို ကာကွယ်ပေးနေတယ်။ အချိန်ပြည့်ဖြစ်ပေါ်နေတဲ့ ဆဲလ်ဖြစ်ပျက်မှုတွေကို ဆောင်ရွက်ပေးရင်းပေါ့။

၂။ သိုလှောင်ထားတဲ့ စွမ်းအင်တွေကို ခန္ဓာကိုယ်ကြီးကနေ အမြဲတမ်းအသုံးပြုနေပါတယ်။ ဖုန်းတစ်လုံးမှာ ရှိနေတဲ့ ဖုန်းအားလိုပဲ ခန္ဓာကိုယ်ကြီးမှာလည်း စွမ်းအင်တွေရှိနေပါတယ်။

၃။ အရိုးတွေကို ကောင်းအောင် ပြုပြင်ပေးနေတယ်။ ဆယ်နှစ်မှာ တစ်ကြိမ် အရိုးတွေ အသစ်ဖြစ်နေတယ်။ ဒီလိုမျိုးအရိုးအသစ်လဲတာတွေကို ခန္ဓာကိုယ်ကြီးကလုပ်မပေးဘူးဆိုရင် အရိုးထဲကနေ ခဏခဏနာနေမှာပါ။

၎။ နှလုံးကနေ စက္ကန့်တိုင်းမှာ သွေးကို ညှစ်ထုတ်ပေးနေတယ်။ အဲဒီလို ညှစ်ထုတ်ပေးလို့ပဲ ခန္ဓာကိုယ်နေရာအနှံ့ကို သွေးတွေ ရောက်ပြီး လည်ပတ်နိုင်တာပေါ့။

၅။ တစ်မိနစ်မှာ အရေပြားပေါ်က ဆဲလ်သေပေါင်း ၃ဝဝဝဝ လောက်ကို ဖယ်ထုတ်ပေးနေတယ်။

၆။ ခန္ဓာကိုယ်ကနေ တစ်မိနစ်ကို သွေးဆဲလ်ပေါင်း သန်း ၁၂ဝလောက်ထိ ထုတ်လွှတ်ပေးနေပါတယ်။ အဲဒီလို သွေးဆဲလ်အသစ်ထုတ်လွှတ်မှုမရှိဘူးဆိုရင် အသက်မရှင်နိုင်ပါဘူး။

၇။ အစာချေရာမှာ အထောက်အကူဖြစ်စေတဲ့ တံတွေးရည်တွေကိုလည်း တစ်နေ့ရက် ၂ လီတာစာလောက် အဆက်မပြတ်ထုတ်လုပ်ပေးနေပါတယ်။

၈။ မိနစ်တိုင်း စက္ကန့်တိုင်းမှာ နှလုံးခုန်နေတယ်။ နှလုံးခုန်ရပ်သွားရင် သေနိုင်ပါတယ်။

၉။ အောက်ဆီဂျင်ကို ရှူသွင်းနေတယ်။ အိပ်နေချိန်မှာတောင်မှပေါ့။ အခုတောင် သင်သတိမထားမိဘဲ အသက်ရှူနေတယ် မဟုတ်လား။

၁ဝ။ ကျောက်ကပ်က ၂၄ နာရီပတ်လုံး သွေးတွေကိုသန့်စင်ပေးနေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁၁။ ကာဘွန်ဒိုင်အောက်ဆိုက်ကို ရှူထုတ်နေတယ်။ ဒီလိုသာရှူထုတ်မနေဘူးဆိုရင် သင့်ခန္ဓာကိုယ်ကြီးမှာ ဓာတ်ငွေ့အဆိပ်အတောက်တွေနဲ့ ပြည့်နေမှာပါ။

၁၂။ ရေဓာတ်ကို အမြဲတမ်းဖြည့်တင်းပေးနေပါတယ်။ ရေဓာတ်ခမ်းခြောက်လာရင်တော့ ပင်ပန်းနွမ်းနယ်နေတတ်တာကြောင့် အပြင်ကနေ ရေများများသောက်ပြီးတော့လည်း ရေဓာတ်ဖြည့်တင်းသင့်ပါတယ်။

၁၃။ စက္ကန့် ၆ဝ အတွင်းမှာ သင်မျက်တောင် ဘယ်နှခါခတ်မိလဲ သိလား။ သင်သတိမထားမိခင်မှာတင် သင်မျက်လုံးဖွင့်နေတဲ့ အချိန်ရဲ့ ၁ဝပုံ ၁ပုံ လောက်က မျက်တောင်ခတ်ရင်းကုန်ဆုံးနေပါတယ်။

၁၄။ အာရုံကြောဆဲလ်လေးတစ်ခုကတင်ကို တစ်စက္ကန့်အတွင်းမှာ အာရုံကြောအချက်ပြမှုပေါင်း တစ်ထောင်လောက် ပို့ပေးနေပါတယ်။ သင့်ခန္ဓာကိုယ်မှာ အာရုံကြောဆဲလ်တွေ သန်းပေါင်းများစွာ ရှိနေတယ်ဆိုတော့ တကယ်ကို အလုပ်များတဲ့ ခန္ဓာကိုယ်ကြီးပါပဲ။

၁၅။ အမြင်အာရုံတွေကို ပြန်ပြောင်းပေးတယ်။ မျက်စိကမြင်သမျှကို ဖမ်းယူပြီး ဦးနှောက်ဆီပို့ပေးမှ မြင်ကွင်းတွေကို သင်မြင်ရမှာပါ။ သင့်မျက်လုံးကို ဖွင့်လိုက်တိုင်း သင်မြင်တာတွေထက်မြန်အောင် ပုံရိပ်တွေကို မျက်စိကဖမ်းယူပေးပြီး ဦးနှောက်ကို ပို့ပေးနေပါတယ်။

၁၆။ ဆံပင်နဲ့ အမွေးအမျှင်တွေကို ရှည်ထွက်စေတယ်။ တစ်လကို လက်မဝက်လောက်အထိ ရှည်ထွက်နေပါတယ်။

၁၇။ တိတိကျကျပြောရရင် တစ်မိနစ်ကို အတွေးပေါင်း ၅ဝ လောက် တွေးနေတတ်တယ်။ အခုဒီစာကို ဖတ်နေတဲ့ အချိန်အတွင်းမှာကို သင့်စိတ်ထဲမှာ အတွေးတွေ အများကြီးပြောင်းနေတယ်မဟုတ်လား။

ဘာမှတွေးမနေနဲ့။ ဒီစာစောင်လေးကို ဖတ်လိုက်ရလို့ မသိသေးတာကို သိသွားတယ်ဆိုရင် သူများတွေပါသိအောင် SHARE လိုက်ပါ။