အမြဲလိုလို အငိုလွယ်နေတတ်ပြီလား… ဒါဆိုရင်တော့ ဂရုစိုက်ဖို့လိုပါပြီ

blank

ဝမ်းနည်းတဲ့အခါ၊ ပျော်တဲ့အခါမှာ မျက်ရည်ကျတာက သာမန်ဖြစ်စဉ်တစ်ခုပါ။ ငိုကြွေးခြင်းဟာ စိတ်ကို ပေါ့ပါးစေတာမို့ မျက်ရည်ကျဖို့၊ ငိုဖို့ ရှက်ရွံ့မနေပါနဲ့။ ဒါပေမဲ့ ထူးထူးခြားခြားစိတ်ခံစားမှုမရှိဘဲနဲ့ အမြဲလိုလို မျက်ရည်ကျလွယ်၊ ငိုလွယ်၊ ဝမ်းနည်းလွယ်တယ်ဆိုရင်တော့ ဒါဟာ စိတ်ကျရောဂါရဲ့ လက္ခဏာတစ်ရပ်ပါ။

စိတ်ကျရောဂါရဲ့ အခြားလက္ခဏာရပ်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

စိတ်ကျရောဂါခံစားနေရပြီဆိုရင်

  • အမြဲလိုလို မျက်ရည်ကျပြီး ငိုနေတတ်တယ်။
  • ဝမ်းနည်းပြီး မျှော်လင့်ချက်မဲ့သလို ခံစားနေရတတ်တယ်။
  • စိတ်တိုလွယ်ပြီး ဘာကိုမှအလိုမကျသလို ခံစားရတတ်တယ်။
  • အစားစားချင်စိတ်လျော့သွားတာ၊ အစားစားချင်စိတ်များလာတာတွေဖြစ်ပြီး ခန္ဓာကိုယ်အလေးချိန် ရုတ်တရက်ပြောင်းလဲလာတတ်တယ်။
  • စွမ်းအင်မရှိတော့သလို နွမ်းနယ်နေတတ်တယ်။
  • အိပ်ချိန်မမှန်တာတွေ ဖြစ်တတ်တယ်။
  • အကြောင်းမဲ့ ညောင်းကိုက်နာကျင်နေတတ်တယ်။
  • သေခြင်းတရားနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုဆိုင်ရာ အတွေးတွေ ဝင်နေတတ်တယ်။

ဒီလိုမျိုး လက္ခဏာတွေ တွေ့နေရပြီဆိုရင် စိတ်ကျရောဂါဖြစ်နေတယ်လို့ သတ်မှတ်နိုင်ပါတယ်။ စိတ်ကျရောဂါဟာ လူ့အသက်ကို ထိခိုက်နိုင်တာကြောင့် အချိန်မလွန်ခင် စိတ်ပညာရှင်ဆီသွားပြီး ကုထုံးခံယူပါ။ ခံစားချက်တွေကို မျိုသိပ်မထားပါနဲ့။ ယုံကြည်ရတဲ့သူကို ရင်ဖွင့်ပါ။ စိတ်ကျန်းမာမှ ကိုယ်ကျန်းမာနိုင်တာကြောင့် စိတ်ကျန်းမာရေးကိုလည်း အလေးထားပြီး ဂရုပြုစေလိုပါတယ်ရှင်။

သဘောကျနှစ်သက်တယ်ဆိုရင် LIKE & SHARE လုပ်ဖို့ မမေ့နဲ့နော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

http://www.medicaldaily.com/cry-it-out-6-surprising-health-benefits-shedding-few-tears-333952