ဇာတ်ကားကြည့်ရင်း ငိုတတ်တဲ့သူတွေဟာ အသန်မာဆုံးသူတွေပါ။

blank

ကျွန်မက အဆွေးဇာတ်လမ်းတွေကြည့်မိရင်၊ ဝမ်းနည်းစရာ စာအုပ်တွေဖတ်မိရင်၊ သနားစရာ ကောင်းတဲ့သီချင်းတွေနားထောင်မိတိုင်း ဝမ်းနည်းပြီး မျက်ရည်ကျတတ်သူတစ်ယောက်ပါ။ ဒါကြောင့် ဇာတ်လမ်းတွေကြည့်ပြီဆိုရင် တစ်ရှူးတွေကို တစ်ယောက်တည်းအပိုင်သိမ်းပြီး ကြည့်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဇာတ်လမ်းတွေကြည့်ရင်းကျွန်မငိုနေတာကို တွေ့ဖူးတဲ့သူတော်တော်များများက မျက်ခုံးတွေ ပင့်ပြီး လှောင်ပြောင်ချင်တတ်ကြတာ ကျွန်မသိပေမယ့် ဂရုမစိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်လမ်း ကြည့်ရင်းငိုတယ်ဆိုတာ သူတစ်ပါးခံစားချက်ကို ကိုယ်ချင်းစာပေးတတ်တဲ့စိတ်ကြောင့် မဟုတ်လား။

ကိုယ့်ဘဝကောင်းစားအောင်မြင်ဖို့ လူတိုင်း ကိုယ့်အရေးကိစ္စနဲ့ကိုယ် ရှုပ်ရှတ်ခတ်နေတဲ့ခေတ် ကြီးမှာ သူတစ်ပါးအရေးထည့်တွက်ပေးတတ်သူ၊ ကိုယ်ချင်းစာပေးတတ်သူဆိုတာ ရှားပါတယ်။

ပြီးတော့ ကိုယ်ချင်းစာစိတ်ဆိုတာ စိတ်ခွန်အားပြည့်ဝတဲ့သူတွေပဲ မွေးမြူနိုင်တဲ့စိတ်ထားပါ။ တချို့လူတွေအတွက် ဘဝဆိုတာ တကယ်ကြမ်းတမ်းပါတယ်။ သူတို့ရဲ့ နာကျင်မှုတွေကိုမျှဝေပြီး ခံ စားပေးနိုင်လောက်အောင် သန်မာတဲ့သူကသာ ကိုယ်ချင်းစာစိတ်ထားပေးနိုင်တာပါ။ ဒါကြောင့် ဇာတ် လမ်းတွေကြည့်ရင်း ငိုတတ်သူတွေဆိုတာ လှောင်ပြောင်စရာမဟုတ်ဘဲ စိတ်ခွန်အားပြည့်ဝသန်မာသူ တွေပဲ ဖြစ်ပါတယ်။

ဒီစာစောင်လေးဖတ်ပြီး သတိရလိုက်မိတဲ့သူရှိတယ်ဆိုရင် mention လေးခေါ်သွားလိုက်ပါ။