ဘယ်တော့မှ မလျော့တဲ့အလှနဲ့ လှတဲ့သမီးလေးတစ်ယောက်ဖြစ်စေဖို့

blank

သမီးဟာ မိန်းမချောလေးတစ်ယောက်ပါ။

သမီးရဲ့ မျက်လုံးပြူးပြူးဝိုင်းဝိုင်းလေးတွေရယ်၊ အသည်းပုံမျက်နှာကျလေးရယ်၊ အပြစ်ဆိုစရာမရှိတဲ့ အသားအရေတွေကြောင့် သမီးဟာ မလှပါဘူးလို့ ဘယ်သူကမှ မပြောနိုင်လောက်အောင်ပါပဲ။ ဒါပေမဲ့ သမီးကို တကယ်လှပစေတာကတော့ ဒီအရာတွေမဟုတ်ပါဘူး။

တကယ်တော့ အလှစစ်ဆိုတာ အပေါ်ယံအရေပြားဆီက လာတာမဟုတ်ပါဘူး။ အတွင်းစိတ်က ဖြစ်ပေါ်လာတာပါ။

လူတွေကို ဆွဲဆောင်နိုင်တာဟာ သမီးရဲ့  ရွှေသမင်မျက်လုံးတွေ မဟုတ်ပါဘူး။ သမီးရဲ့ နှလုံးသားပါ။ သမီးရဲ့ ကိုယ်ကျိုးမငဲ့တတ်တဲ့စိတ်လေးနဲ့ ရက်ရောတတ်တဲ့စိတ်လေးတွေက သမီးကို အများနဲ့ မတူဘဲ ကွဲထွက်နေစေပြီး ဆွဲဆောင်မှုပိုစေတာပါ။

သမီးကို လူတွေ ချစ်မြတ်နိုးနေစေတာဟာ သမီးရဲ့ အသည်းနှလုံးပုံမျက်နှာကျလေးမဟုတ်ဘဲ သမီးရဲ့ နှလုံးသားပါပဲ။ တခြားသူတွေကို ချစ်မြတ်နိုးတန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်လေးက သမီးကို ချစ်စရာကောင်းနေစေခဲ့တာပါ။

သမီးကို ရဲဝံ့တဲ့ မိန်းမပျိုလေးဖြစ်လာစေတာဟာလည်း သမီးရဲ့ ချောမွတ်တဲ့အသားအရေကြောင့်မဟုတ်ဘဲ သမီးရဲ့ နှလုံးသားကြောင့်ပါပဲ။ သမီးရဲ့ လူနည်းစုအတွက် ရပ်တည်ပေးတတ်တဲ့စိတ်ကလေးရယ်၊ တရားမျှတမှုကို ချစ်မြတ်နိုးတဲ့စိတ်ကလေးကသာ သမီးကို တောက်ပတဲ့မိန်းမပျိုလေးဖြစ်စေခဲ့တာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သမီးကို လှပစေတာဟာ အပေါ်ယံရုပ်အလှတရားတွေမဟုတ်ဘဲ အတွင်းစိတ်ပါ။ ရုပ်ရည်ဆို တာ တဖြည်းဖြည်းအိုမင်းရင့်ရော်သွားနိုင်ပေမဲ့ အတွင်းစိတ်ကတော့ အချိန်ကြာလာလေလေ ပိုမိုချစ်စရာကောင်းလာနိုင်လေလေပါ။

တစ်နေ့အိုမင်းသွားတဲ့အခါမှာ သမီးသိပ်ဂုဏ်ယူရတဲ့ သမီးရဲ့မျက်လုံးဝိုင်းလေးတွေဘေးမှာ အသားအရေတွေ တွန့်လာမယ်။ ဒါပေမဲ့ မျက်လုံးတွေရဲ့ နောက်မှာရှိတဲ့ သမီးရဲ့အတွင်းစိတ်လေးလှနေသရွေ့ မျက်လုံးဘေးက အရေးအကြောင်းတွေ ဘယ်လောက်များ လာလာ ကိစ္စမရှိဘူးဆိုတာကိုတော့ သမီးလေးကို သိထားစေချင်ပါတယ်။

ဒါကြောင့် သမီးရဲ့အချိန်တွေကို သမီးရဲ့ အပေါ်ယံမျက်နှာအလှ လှပဖို့အတွက်ပဲ အားထုတ် ရင်း မကုန်ဆုံးမိပါစေနဲ့။ အလှစစ်ဆိုတာဟာ အပေါ်ယံကလာတာမဟုတ်ဘဲ အတွင်းစိတ်က ဖြစ်တည် လာတာမို့ မျက်နှာလည်းပြင်၊ စိတ်လည်းပြင်ပါလို့ အမေက အမေ့သမီးလေးကို ပြောပြချင်ပါတယ် ကွယ်။

ခံစားမှုရသလေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။