ငယ်စဉ်ကနေ ယခုအချိန်အထိ ကျွန်မ သင်ကြားခဲ့ရတဲ့အရာများ

blank

ပြီးခဲ့တဲ့နှစ်တွေကနေ သင်ကြားခဲ့ရတာ တစ်ခုခုရှိမယ်ဆိုရင် အဲ့ဒါဟာ လောကဓံနဲ့ ရင်ဆိုင်လိုက်ရတိုင်း ကျွန်မ အဆင်သင့်မဖြစ်ဘူးဆိုတာပါပဲ။ အမြဲပြင်ဆင်ထားခဲ့ပေမယ့် လုံလောက်တယ်လို့ကိုမရှိပါဘူး။ တစ်ခုခုကြုံလာတိုင်း ပြောစရာစကားလုံးမရှိတော့လောက်အောင်ကို ဆွံ့အသွားတယ်။ ဒါပေမဲ့ ဒီလောကဓံကပဲ ကျွန်မကို လောကကြီးအကြောင်း ပိုမိုသိရှိစေခဲ့ပါတယ်။

အခုဆိုရင်….

  • ကိုယ့်ဆန္ဒမပါတဲ့ဘယ်အရာကိုမှ လုပ်နေစရာမလိုဘူးဆိုတာ သိလာတယ်။
  • အချစ်က အရာအားလုံးမဟုတ်ဘူးဆိုတာ သိလာတယ်။
  • စစ်မှန်စွာ နေထိုင်နိုင်ဖို့အတွက် စိတ်ထဲက မပါတဲ့အရာတွေကို ငြင်းပယ်တတ်ရမှာ သိလာတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

  • ညအမှောင်လို ဒုက္ခတွေကို ဖယ်ရှားပြီး မနက်မိုးသောက်ကို မျှော်လင့်တတ်ရမယ်ဆိုတာလည်း သိလာတယ်။
  • ကျွန်မသွားမယ့်လမ်းမှာ တံခါးတွေပိတ်ထားလည်း တွန်းဖွင့်ပြီး ရှေ့ဆက်သွားရမယ်ဆိုတာ သိလာတယ်။
  • ကမ္ဘာက နေကို ပတ်နေသရွေ့ ကျွန်မလည်း ကြိုးစားအားထုတ်မှုတွေကို ရပ်တန့်ပစ်မှာမဟုတ်ပါဘူး။

ဒီစာစောင်လေးကို ဖတ်ရှုပြီးတော့ တစ်ခုခုခံစားမိတယ်ဆိုရင် comment box မှာမျှဝေပေးသွားပါဦးနော်။