လှပကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်ချင်ရင် ကောင်းတဲ့အမူအကျင့်တွေကို မွေးမြူလိုက်ပါ။

blank

စာချစ်သူတို့ရေ….

လောကမှာ သင်ပြုလုပ်ခဲ့သမျှ ရွေးချယ်မှုတိုင်းဟာ သင့်ဘဝကို ပြန်ပြီးရောင်ပြန်ဟပ်ပါတယ်။ တိုက်ဆိုင်မှုကြောင့် အလိုလိုဖြစ်လာတဲ့ အရာဆိုတာ လောကကြီးမှာ မရှိပါဘူး။ အရာအားလုံးဟာ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်လာရတာချည်းပါပဲ။ အခြေအနေတိုင်းမှာ အသွားနဲ့အပြန်ဆိုတာ ရှိပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့ရလဒ်တွေ ရမှာဖြစ်သလို၊ မကောင်းတာ လုပ်ထားရင်လည်း မကောင်းတဲ့ရလဒ်တွေကိုပဲ သေချာပေါက် ပိုင်ဆိုင်ရမှာပါ။ ဒါကြောင့် ဘယ်အရာမှ တိုက်ဆိုင်မှုကြောင့် ဖြစ်မလာပါဘူး။

သင့်စိတ်အခြေအနေ အဆိုးအကောင်းဆိုတာလည်း သင့်ရဲ့အသိစိတ်နဲ့ မသိစိတ်ကပဲ ထိန်းချုပ်နေတာပါ။ အဆိုးမြင်စိတ်တွေ မွေးမြူနေသရွေ့ စစ်မှန်တဲ့ပျော်ရွှင်ခြင်းအရသာကို ရှာတွေ့မှာမဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ ချမ်းသာကြွယ်ဝမှုတွေကို ကိုယ်တိုင်အတွက်သာမက အခြားသူတွေအတွက်လည်း ဖန်တီးပေးလို့ရပါတယ်။

သင်ကိုယ်တိုင် အောင်မြင်မှုတံခါးကို ဖွင့်လှစ်နိုင်တဲ့အခါ သင့်ပတ်ဝန်းကျင်မှာရှိနေတဲ့ အခြားသူတွေရဲ့ အောင်မြင်မှုတံခါးကိုလည်း ကူညီဖွင့်လှစ်ပေးနိုင်စွမ်းရှိလာပါတယ်။ ပြီးတော့ အခြားသူတွေအပေါ်ထားရှိတဲ့ သင့်ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေကလည်း စိတ်စေတနာမှန်ကန်ဖို့ အရေးကြီးပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူတစ်ပါးကို စိတ်ဒုက္ခရောက်အောင်လုပ်သူတွေဟာ သူတို့ဘဝမှာလည်း စစ်မှန်တဲ့ပျော်ရွှင်မှုကို ဘယ်တော့မှ ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ပါဘူး။ သူတစ်ပါးကို ကျရှုံးအောင်လုပ်သူတွေဟာ စစ်မှန်တဲ့အောင်မြင်မှုကို ရလာမှာမဟုတ်ပါဘူး။ သူတစ်ပါးကို ဖျက်ဆီးတဲ့သူတွေဟာ သူတို့ဘဝမှာလည်း စစ်မှန်တဲ့စိတ်ချမ်းသာပျော်ရွှင်မှုကို ဘယ်တော့မှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် သင့်ဘဝထဲကို ကောင်းမြတ်ခြင်းတွေ ဝင်လာဖို့ဆိုရင် သင်ကိုယ်တိုင် ကောင်းမြတ်ခြင်းတွေကို အရင် တည်ဆောက်ဖို့ လိုအပ်ပါတယ်။ သင့်ဘဝတိုးတက်လမ်းကို ဟန့်တားနှောင့်ယှက်တတ်တဲ့ အဆိုးမြင်သမားတွေနဲ့ ဝေးဝေးနေပါ။ ကောင်းတဲ့အမူအကျင့်တွေနဲ့ သင့်ပန်းတိုင်ဆီ ရောက်အောင် မှန်ကန်စွာ လျှောက်လှမ်းသွားလိုက်ပါ။