ကိုယ့်ကိုယ်ကိုယ်မချစ်အောင် တားဆီးနေတဲ့အရာတွေကို ချိုးဖျက်ပစ်လိုက်ပါ။

blank

စာချစ်သူတို့ရေ…

လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ကျွန်မ အသည်းကွဲပြီး သေလုနီးပါးခံစားခဲ့ရတယ်။ ကျွန်မရဲ့ လိုအပ်ချက်တွေနဲ့ ပျော်ရွှင်မှုတွေ အားလုံးကို လျစ်လျူရှုထားပြီး အဲ့ဒီ relationship တစ်ခုလုံးမှာ စိတ်ကောလူပါ နှစ်မြုပ်ထားခဲ့မိတယ်။ အဲ့ဒီ နာကျင်စေတဲ့ relationship အဆုံးသတ်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ်မချစ်တတ်ခဲ့ခြင်းရဲ့ အကျိုးဆက်တွေနဲ့အတူ ကျွန်မ ဆက်လက်ရှင်သန်ခဲ့ရတယ်။

ကျွန်မရှင်သန်ဖို့အတွက် မဖြစ်မနေလုပ်နေရတဲ့ စားဖို့၊ အိပ်ဖို့တာဝန်တွေကိုတောင် မှန်မှန် မလုပ်နိုင်တော့ဘဲ “ဘာကြောင့် ငါ့ကိုစွန့်ပစ်ခဲ့တာလဲ။ ငါဘာမှားလို့လဲ” ဆိုတဲ့ မေးခွန်းတွေနဲ့ လုံးချာ လည်ပြီး တွေဝေနေခဲ့တယ်။ တစ်ချိန်လုံး ကျွန်မရဲ့ဘဝ၊ ခန္ဓာကိုယ်နဲ့ စိတ်တွေအကုန်လုံးမှာ ကျွန်မ အတွက် နေရာမရှိခဲ့ပါဘူး။

နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့အဓိကကျတယ်ဆိုတာ ကျွန်မနားလည်လာခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ဆိုတာ ကံကြမ္မာမဟုတ်ပါဘူး။ လေ့ကျင့်မှုတစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ခြင်းရဲ့ အခြေခံအုတ်မြစ်က ပျော်ရွှင်မှုပဲ ဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ဆိုတာ စိတ်ဆင်းရဲမှုတွေနဲ့ ကျရှုံးမှုတွေ ကြုံနေရတယ်ဆိုရင် တောင် အဲ့ဒီအရာတွေကို လက်ခံပေးပြီး အကောင်းမြင်စိတ်နဲ့ချစ်တတ်တာမျိုးပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ဆိုတာ ဘယ်သူကမှ လက်ဆောင်လာပေးလို့မရပါ။ ကိုယ့်အတွက် ခွန်အားဖြစ်စေမယ့် အရာကို တစ်ခြားတစ်ယောက်ဆီက ယူလို့မရပါဘူး။

ကျွန်မရဲ့ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းတွေကို တခြားသူတစ်ယောက်က ဖန်တီးခွင့်မပေး တော့ဘူး။ ကျွန်မကိုယ်ကျွန်မ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ချစ်လာအောင် လေ့ကျင့်တယ်။  ကျွန်မ စိတ်က ပြောတဲ့စကားတွေကို နားထောင်ပြီး ကျွန်မလိုချင်တာတွေကို ဖြစ်အောင် လုပ်တယ်။ ကျွန်မကိုယ်ကျွန်မ အချိန်ပေးတယ်။

အခုတော့ ကျွန်မကိုယ်ကျွန်မမချစ်အောင် တားဆီးနေတဲ့အရာတွေအားလုံးကို တွန်းလှန် နိုင်ခဲ့ပြီလေ။

သင်ကော သင့်ကိုယ်သင်ချစ်တတ်ပြီလား။