နှုတ်ပိတ်ထားတာက သင့်အတွက်ပိုကောင်းမယ့် အချိန် ၅ ခု

blank

၁။ လူတွေပျင်းရိငြီးငွေ့နေတဲ့အခါ…

         သင်နဲ့သာစကားပြောနေပေမဲ့ သူတို့မျက်လုံးတွေက သင့်ကိုကြည့်မနေသလို သင်ပြောနေတဲ့ စကားတွေကိုလည်း သူတို့မဆက်စပ်မိရင် စကားပြောရတာ သူတို့ပျင်းရိငြီးငွေ့နေပြီဆိုတဲ့ အဓိပ္ပာယ် ပါ။ ဒီလိုဆိုရင် သင့်အနေနဲ့ ပြောစရာရှိတာတိုတိုပြောပြီး စကားစဖြတ်သင့်ပါတယ်။

၂။ သင့်အကြံဉာဏ်ကို ဘယ်သူမှ မတောင်းခံတဲ့အခါ…

         သင့်အကြံဉာဏ်ကို တစ်ဖက်က မတောင်းခံဘဲ ဇွတ်ပေးတာဟာ သင့်အကြံကို နားဝင်ဖို့ထက် စိတ်ပျက်သွားဖို့ ပိုများပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကို အထင်ကြီးကြွားဝါတတ်သူအဖြစ်လည်း သင့် အပေါ် အထင်မြင်သေးသွားနိုင်ပါတယ်။

၃။ တစ်ယောက်ယောက်ရဲ့အမှားကို ပြင်ပေးချင်တဲ့အခါ…

         ကျွမ်းကျင်သူတွေလေ့လာတွေ့ရှိချက်အရ တစ်ဖက်သားအမှားကိုထောက်ပြတတ်သူများဟာ နှစ်သက်ခံရမှု လျော့နည်းကြပြီး အမှားတွေကို လျှော့ပေါ့ပေးတတ်သူတွေကတော့ ထောက်ထားကြင် နာတတ်ပြီး နားလည်မှုရှိသူများအဖြစ် သတ်မှတ်ခံကြရပါတယ်။ အမှားပြင်ဆင်ပေးခံရခြင်းဆိုတာ လူ အများစုအတွက် ရှက်စရာပါ။ ဒါကြောင့် ပြောချင်ရင်တောင် မှားနေချိန်ထက် တခြားအချိန်တွေမှာ သီး သန့်ဆွေးနွေးတာက ပိုကောင်းပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကြီးမားတဲ့ ရည်ရွယ်ချက်တစ်ခုရှိနေတဲ့အခါ…

         သင့်မှာ ပန်းတိုင်တွေရှိနေရင် လျှို့ဝှက်ထားပြီး ကြိုးစားတာက သင့်ကို အောင်မြင်မှုရရှိဖို့ ပိုနီး စပ်စေပါတယ်။ မအောင်မြင်ခဲ့ရင်လည်း တခြားသူတွေဆီက တုံ့ပြန်တဲ့နောက်ဆက်တွဲအမြင်တွေကို ခံယူစရာမလိုတော့ပါဘူး။

၅။ ပြောစရာအကြောင်းအရာက အပြုသဘောမဆောင်တဲ့အခါ…

         တချို့ကိစ္စတွေက မပြောဘဲထားတာ ပိုကောင်းပါတယ်။ သင်သိထားတဲ့ တစ်ပါးသူရဲ့ အတင်း အဖျင်းတွေကို ပြောခြင်းက သင့်ကိုယ်ရည်ကိုယ်သွေးကို အကြီးအကျယ်ထိခိုက်စေပါတယ်။ အဲ့ဒီအ စား သူတို့ကိုကိုယ်ချင်းစာကြည့်ပြီး သင်သာဆို ဘယ်လိုဖြတ်သန်းမလဲဆိုတာ တွေးသင့်ပါတယ်။

သိမှတ်ဖွယ်ရာလေးတွေပါနေရင် ဒီပို့စ်လေးကို LIKE & SHARE လေး လုပ်လိုက်ပါနော်။