တစ်ချိန်လုံးအလုပ်တွေပဲလုပ်နေဖို့ တကယ်လိုအပ်ရဲ့လား

blank

အလုပ်လုပ်ဖို့ လိုတယ်ဆိုတာ ကျွန်မတို့ ငယ်စဉ်ကတည်းကသင်ကြားခဲ့ရတဲ့ အရာတစ်ခုပါပဲ။ လူတွေအားလုံးဟာအလုပ်တွင်ဖို့ နဲ့ အောင်မြင်မှုရဖို့ ကြိုးစားရင်းအလုပ်ရှုပ်နေကြပါတယ်။ အလုပ်သာလုပ်မနေခဲ့ဘူးဆိုရင် ဖြစ်ချင်တာတွေ ဖြစ်လာနိုင်တော့မှာမဟုတ်ဘူးလို့ ထင်နေတတ်ကြပါတယ်။

ဒါပေမဲ့ တစ်ခါတလေမှာတော့ဘာအလုပ်မှ မလုပ်ဘဲနေဖို့ လိုကိုလိုအပ်ပါတယ်။

ဘာအလုပ်မှ မလုပ်ဘဲနေလိုက်ခြင်းဟာလူတွေကိုစိတ်တည်ငြိမ်မှု ရစေပြီးဥာဏ်ရည်၊ ကျန်းမာရေးအခြေအနေတွေကိုလည်းပိုမိုတိုးတက်လာစေနိုင်ပါတယ်။

ဘာအလုပ်မှမလုပ်ဘဲစိတ်ကိုငြိမ်ငြိမ်လေးထားလိုက်မယ်ဆိုရင် စိတ်အေးချမ်းစေမယ့်နေရာလေးကိုရောက်သွားစေမှာပါ။ ဒီစိတ်အေးချမ်းစေမယ့်နေရာလေးမှာ….

  • ပြဿနာတွေအားလုံးအတွက် ဖြေရှင်းချက်တွေ၊ စိတ်ကူးသစ်တွေ ရရှိနိုင်မှာပါ။
  • စိတ်အေးချမ်းနေပြီဆိုတာနဲ့ အံ့အားသင့်စရာကောင်းတာလေးတွေလည်း ဖြစ်လာမှာပါ။
  • အရာအားလုံးကိုထိုးထွင်းသိမြင်လာနိုင်ပြီးတော့ နားလည်နိုင်စွမ်းတွေ ရလာမှာပါ။

စာချစ်သူတို့ကော…..

အလုပ်များနေတဲ့အချိန်တွေမှာစိတ်ကူးသစ်တွေ မဖြစ်လာဖူးဘူးမလား။ စိတ်ကူးသစ်တွေ ထွက်လာဖို့ဆိုတာကိုယ်တိုင်ကလည်းအချိန်ပေးနိုင်မှပါ။ တကယ်တော့ အလုပ်မလုပ်ဘဲနေခြင်းဟာမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အချိန်တစ်ခုပေးပြီးတော့ ဘာအလုပ်မှ မလုပ်ဘဲနေကြည့်ပါ။ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာအံ့အားသင့်စရာကောင်းလောက်အောင်ကိုတွေ့နိုင်မှာပါ။

စာချစ်သူတို့ကောအလုပ်မလုပ်ဘဲနေကြည့်ခြင်းအပေါ်မှာဘယ်လိုအမြင်တွေရှိတယ်ဆိုတာ comment box မှာ မျှဝေပေးသွားပါဦးနော်။