လူတွေရဲ့ တစ်နေ့တာလှုပ်ရှားသွားလာမှုအားလုံးကို ဦးနှောက်က ထိန်းချုပ်ထားတာပါ။ ဦးနှောက် ဘယ်လိုအလုပ်လုပ်ပါလိမ့်လို့ စဉ်းစားမိခဲ့ဖူးတယ်ဆိုရင်တော့ ဦးနှောက်ရဲ့ ထူးခြားပြီး စိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါပြီနော်။
· ဦးနှောက်မှာ နာကျင်မှုကို လက်ခံရယူနိုင်တဲ့ အရာတွေ မရှိတဲ့အတွက် နာကျင်မှုကို မခံစားနိုင်ပါဘူး။
· လူကြီးတစ်ယောက်ရဲ့ ဦးနှောက်ဟာ သုံးပေါင်ခန့် အလေးချိန် ရှိပါတယ်။
· လူတွေ ဘာကြောင့် အိပ်မက်မက်ရတယ်ဆိုတာဟာ သိပ္ပံပညာရှင်တွေကြားမှာလည်း ခုထိ ပဟေဠိ ဖြစ်နေတုန်းပါ။ လူတချို့ကတော့ အိပ်မက်မက်တာဟာ မှတ်ဥာဏ်အားတွေ ပိုကောင်းစေဖို့အတွက်ပါလို့ ဆိုကြပါတယ်။
· သင့်လှုပ်ရှားမှုတွေကို ဦးနှောက်ကကြိုသိနေမှာဖြစ်တဲ့အတွက် သင့်ကိုယ်သင် ကလိထိုးတဲ့အခါ ဘာခံစားမှုမှရှိမှာ မဟုတ်ပါဘူး။
· သင့်ရဲ့ ဦးနှောက်ဟာ ၂၅ ဝပ် မီးသီးတစ်လုံးကို အလင်းပေးနိုင်လောက်တဲ့ စွမ်းအင်ထုတ်လွှတ်ပေးနိုင်ပါတယ်။
· လူသားတွေရဲ့ ဦးနှောက်ဟာ အဆီအများဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်ပြီး အဆီ ၆၀% နဲ့ ပြုလုပ်ထားပါတယ်။
· ဦးနှောက်ဟာ အသက်လေးဆယ်အရွယ်လောက်ထိ ဆက်လက်ဖွံ့ဖြိုးနိုင်ပါတယ်။
· လူတွေမှာ တစ်နေ့တစ်နေ့ အတွေးပေါင်း ၇၀၀၀၀ လောက် ရှိပါတယ်။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
· သင် အိပ်ပျော်နေတဲ့ အချိန်မှာ သင့်ဦးနှောက်က ပိုပြီးအလုပ်လုပ်ပါတယ်။
· အသက်နှစ်နှစ်အရွယ်မှာ တခြားအသက်အရွယ်တွေထက် ဦးနှောက်ဆဲလ်တွေ ပိုများပါတယ်။
· ဦးနှောက်ဟာ သူ့အကြောင်းသူ ပြန်စဉ်းစားနိုင်တဲ့ တစ်ခုတည်းသော အင်္ဂါအစိတ်အပိုင်းပါ။
စာချစ်သူတို့လည်း ဒီအချက်လေးတွေ ဖတ်ပြီး အံ့အားသင့်သွားမိတယ်ဆိုရင် တခြားသူတွေရဲ့ ဦးနှောက်တွေပါ သိသွားစေဖို့ မျှဝေလိုက်ကြရအောင်နော်။