ပျော်ရွှင်အောင်မြင်တဲ့ဘဝကို ရချင်ရင် သင့်ကိုယ်သင် ချစ်ပါ။

blank

စာချစ်သူတို့ရေ…

ဘဝမှာ အကောင်းအဆိုးတွေနဲ့ နေ့စဉ်ရင်ဆိုင်ရင်း သင့်ကိုယ်သင် ချစ်ဖို့မေ့နေတတ်ပါတယ်။ ပြည့်စုံကောင်းမွန်တဲ့လူတွေနဲ့ တွေ့ကြုံတဲ့အခါတိုင်း သင့်ကိုယ်သင် သူတို့နဲ့ နှိုင်းယှဉ်ပြီး သိမ်ငယ်နေ တတ်တယ်။ သင်ပိုင်ဆိုင်ထားတဲ့ ပင်ကိုယ်အရည်အချင်းနဲ့ အလှတရားတွေကို မမြင်နိုင်တော့ဘဲ သင့် ကိုယ်သင်ချစ်ဖို့ မေ့နေတတ်ပါတယ်။

တကယ်တော့ ပျော်ရွှင်အောင်မြင်တဲ့ဘဝကို ရချင်ရင် သင့်ကိုယ်သင် ချစ်မြတ်နိုးတတ်ဖို့က အ ခြေခံအုတ်မြစ်တစ်ခုပါ။ ဘဝမှာ စိတ်ချမ်းသာဖို့၊ အောင်မြင်ဖို့နဲ့ ပျော်ရွှင်ဖို့ဆိုတာ သင့်ကိုယ်သင် မချစ် နိုင်ဘဲနဲ့ ဘယ်လိုမှ ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်ရင် သင့် ကိုယ်သင် ချစ်မြတ်နိုးဖို့ ရင်းနှီးမြှုပ်နှံပါ။

သင့်ကိုယ်သင် မချစ်နိုင်ခြင်းက သင်ပိုင်ဆိုင်ထားတဲ့ ကောင်းမွန်ခြင်းတွေကို ကိုယ်တိုင်မမြင် နိုင်ဘဲ အမြဲလိုလိုစိတ်ထဲမှာ အလိုမကျနေတာကြောင့် ဖြစ်ပါတယ်။ တကယ်တော့ လူတိုင်းမှာ အလှ တရား ကိုယ်စီနဲ့ မတူညီတဲ့ စွမ်းရည်ကိုယ်စီ ရှိကြပါတယ်။ ဒါကြောင့် သင့်စိတ်ထဲမှာ သင်က ထူးခြား တဲ့လူတစ်ယောက်ဖြစ်ပြီး ကမ္ဘာကြီးအတွက် အလှတရားနဲ့ ပျော်ရွှင်မှုတွေ မျှဝေပေးနိုင်တဲ့ လူတစ် ယောက်ဖြစ်တယ်လို့ ခံယူချက်ထားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အမှန်တကယ် ပျော်ရွှင်အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် သင့်ကိုယ်သင် ချစ်မြတ် နိုးပါ။ သင့်မှာရှိတဲ့ ပင်ကိုယ်အလှတရားနဲ့ အရည်အချင်းတွေကို မြင်အောင်ကြည့်ပြီး လက်ခံပေးပါ။ သင့်ကိုယ်သင် အရာရာကို လုပ်နိုင်တယ်လို့ ယုံကြည်ပါ။ သင်ဝမ်းနည်းတဲ့အခါ သင့်ကိုယ်သင် အား ပေးနှစ်သိမ့်ပါ။ ဒီအချက်လေးတွေက သင့်ကိုယ်သင် ချစ်တတ်အောင် သင်ယူဖို့ အကောင်းဆုံးအချက် လေးတွေပါ။ ဒါကြောင့် ပျော်ရွှင်အောင်မြင်တဲ့ခရီးတစ်ခုကို စတင်ဖို့အတွက် သင့်ကိုယ်သင် ချစ်တတ် ခြင်းဆိုတဲ့ နေရာကနေ စတင်ပြောင်းလဲလိုက်ပါနော်။

စိတ်ဓာတ်ခွန်အားတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။