လူတိုင်းအတွက် မှန်နေတဲ့ စိတ်ပညာဆိုင်ရာ ထူးဆန်းထွေလာများ

blank

၁။ ရည်မှန်းချက်တွေကို တစ်စုံတစ်ယောက်ကို ဖွင့်ပြောလိုက်မယ်ဆိုရင် အဲဒီရည်မှန်းချက်ကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်ဖို့ ခက်သွားတတ်တယ်။

၂။ လူတစ်ယောက်ရဲ့ အကြိုက်ဆုံးသီချင်းဆိုတာ အဲဒီလူရဲ့ အတိတ်က အရမ်းခံစားခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝှိုက်ပြီး ပတ်သက်နေလို့ပါ။

၃။ သီချင်းတစ်ပုဒ်ဟာ နားထောင်တဲ့သူရဲ့ လောကအပေါ်မြင်တဲ့အမြင်ကို ပြောင်းလဲစေနိုင်ပါတယ်။ ပျော်စရာသီချင်းစာသားတွေပါတဲ့သီချင်းကို နားထောင်ရင် လူတွေကို ပြုံးပျော်နေသလို မြင်ရစေတယ်။ ဝမ်းနည်းစရာ စာသားတွေပါတဲ့သီချင်းကို နားထောင်ရင်တော့ လူတွေကို ဝမ်းနည်းနေတဲ့သူတွေအဖြစ် မြင်တွေ့ရလိမ့်မယ်။

၎။ ကိုယ်ကိုယ်တိုင်သုံးဖို့အတွက် ရှော့ပင်ထွက်တာထက် ချစ်ရတဲ့သူတစ်ယောက်အတွက် သူလိုချင်တာလေးဝယ်ပေးရတဲ့အချိန်က ပိုပြီး ပျော်ရွှင်ကြည်နူးစရာကောင်းတယ်။

၅။ အမျိုးသမီးတွေ ရှော့ပင်ထွက်ရတာ ပျော်တယ်ဆိုတာ ဝယ်လာတဲ့ ပစ္စည်းတွေကြောင့် မဟုတ်ပါဘူး။ ပစ္စည်းတွေဝယ်ရင်း ရလာတဲ့ ရှော့ပင် အတွေ့အကြုံတွေကြောင့် ပျော်ရွှင်ရတာပါ။

၆။ ပျော်ပျော်နေတတ်တဲ့သူတွေကြားမှာနေရင် အလိုလို ပျော်ရွှင်သွားတတ်တယ်။ အပျော်ဆိုတာ ကူးစက်တတ်တဲ့ စိတ္တဇနာမ်တစ်ခုပါ။

၇။ ဘာသာရေးကိုင်းရှိုင်းပြီး တရားတော်တွေကို နှလုံးသွင်းနိုင်သူတွေက အခြားသူတွေထက်ပိုပြီး စိတ်ကျရောဂါနဲ့ စိတ်ထိခိုက်ဝေဒနာ ခံစားနိုင်ခြေနည်းပါတယ်။

၈။ ငွေနဲ့ ပျော်ရွှင်မှုကို ဝယ်လို့ရပါတယ်။ ဒါပေမဲ့ ခဏတာအတွက် အတုအယောင် ပျော်ရွှင်မှုပါပဲ။

၉။ ယုံချင်ယုံ မယုံချင်နေ… လူ့သက်တမ်းတစ်လျှောက်မှာ အပူအပင်အများဆုံးနဲ့ စိတ်ဖိစီးမှုအများဆုံးအချိန်က အသက် ၁၈နှစ်နဲ့ ၃၃ နှစ်ကြား အရွယ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁ဝ။ အိပ်ရေးဝဝ အိပ်တဲ့ကျောင်းသားတွေက အိပ်ရေးပျက်ခံပြီး စာကျက်တဲ့ကျောင်းသားတွေထက် အမှတ်ပိုကောင်းတတ်တယ်။ အိပ်ရေးဝရင် ဦးနှောက်လုပ်ဆောင်မှုပိုကောင်းတယ်လေ။

၁၁။ ဉာဏ်ကောင်းတဲ့သူတွေက ကိုယ့်ကိုယ်ကို နှိမ်ချတတ်ကြတယ်။ ဉာဏ်နည်းတဲ့သူတွေကတော့ ကိုယ့်ကိုယ်ကို တော်လွန်း၊ တတ်လွန်း၊ သိလွန်းတယ်လို့ ထင်ကြတယ်။ ဒါကြောင့် “မပြည့်တဲ့အိုး ဘောင်ဘင်ခတ်” ဆိုတဲ့စကား ဖြစ်ပေါ်လာရတာပေါ့။

၁၂။ အတိတ်က ဖြစ်ရပ်တစ်ခုကို မမှတ်မိနိုင်ပါဘူး။ အဲဒီဖြစ်ရပ်ရဲ့ အမှတ်တရလေးတွေကိုပဲ ဦးနှောက်က မှတ်သားနိုင်ပါတယ်။ အဲဒီအမှတ်တရလေးတွေကနေတဆင့် ဖြစ်ရပ်ကို ပြန်ပြောင်းအောက်မေ့တာ ဖြစ်ပါတယ်။

သင့်ထင်မြင်ချက်လေးတွေကိုလည်း comment box မှာ မျှဝေခဲ့ပါဦး။