စိတ်ခံစားမှုတွေကို ဖုံးကွယ်ချင်တဲ့အချိန်မှာ လူတွေပြောတတ်ကြတဲ့စကားများ

blank
၁။ “ဒီအကြောင်းကို မေ့လိုက်ရအောင်”

အကြောင်းအရာတစ်ခုကို ပြောရင်း ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်ခံစားချက်တွေကို ဖုံးကွယ်ချင်တဲ့အခါမှာ “ဒီအကြောင်းမပြောနဲ့တော့… မေ့လိုက်တော့၊ ထားလိုက်တော့” စသည်ဖြင့် ပြောတတ်ကြပါတယ်။ အထူးသဖြင့် ဝမ်းနည်းစရာ အကြောင်းကိစ္စရပ်တွေမှာပေါ့။

၂။ “ဘယ်တတ်နိုင်မလဲ ကံတရားပေါ့”

ဆုံးရှုံးမှု၊ ကျရှုံးမှုတွေကြောင့် စိတ်ဝမ်းနည်းမှုတွေ၊ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေကို ဖုံးကွယ်ချင်တဲ့အခါ ဒီစကားလေးကိုသုံးပြီး ကံကို အပြစ်ပုံချတတ်ပါတယ်။ ဒါပေမဲ့ သူတို့စိတ်ထဲမှာ ကိုယ်အသုံးမကျလို့ ရှုံးရတယ်ဆိုတဲ့ စိတ်လေးတော့ ရှိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ “သိပ်ကို နောက်ကျသွားခဲ့ပြီလေ”

ကျရှုံးမှုတွေနဲ့ ငြင်းပယ်ခံရမှုတွေကို တုံ့ပြန်တတ်တဲ့စကားပါ။ စိတ်ပျက်စရာတွေကို ထုတ်ပြမယ့်အစား အခြေအနေနဲ့ အချိန်အခါကို ပုံချလိုက်တာမျိုးပေါ့။

၎။ “ဒီအကြောင်းကို ဆက်မပြောချင်တော့ဘူး”

ဒါဟာရွေးချယ်မှုတစ်ခုလို့ ထင်ရပေမဲ့ တကယ်ကတော့ မဟုတ်ပါဘူး။ ဒီအကြောင်းကို ဆက်မပြောတော့ရင် ခံစားချက်တွေကို ဖုံးကွယ်နိုင်မယ်လို့ ထင်တတ်ကြတယ်။ အထူးသဖြင့် အရှက်ရခဲ့တဲ့ သူများရယ်စရာကိစ္စရပ်တွေမှာပေါ့။

၅။ “ရှင် နားလည်မှာ မဟုတ်ပါဘူး”

ပြောချင်ရာပြောပြီး စကားကို အဆုံးသတ်ချင်ရင် ဒီလို ပြောတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ဆက်ပြောရင် သူတို့ခံစားချက်တွေ အကုန်ပေါ်ကုန်မှာစိုးလို့ပါ။

၆။ “စိတ်မပူပါနဲ့။ ကျွန်မ အဆင်ပြေပါတယ်”

စိတ်ခံစားချက်တွေ၊ နာကျင်မှုတွေ၊ ဝမ်းနည်းအားငယ်မှုတွေကို ဖုံးကွယ်ထားချင်တဲ့အချိန်မှာ အသုံးအများဆုံးစကားပေါ့။ အဓိကအကြောင်းရင်းကတော့ ရင်တွင်းအပူတွေကို သူများမသိစေချင်လို့ဖြစ်ပါတယ်။ ဒီစကားနဲ့အတူ ဟန်ဆောင်ပြုံးလေးပါ ပြုံးတတ်ကြတယ်။ ဒါပေမဲ့ ရင်ထဲမှာတော့ မျက်ရည်မိုးတွေ ရွာနေတတ်တယ်လေ။

ဒီစကားတွေပြောနေပြီဆိုရင် များသောအားဖြင့်က သူတို့စိတ်ထဲက ခံစားချက်တွေကို ဖုံးကွယ်ချင်လို့ ဖြစ်ပါတယ်။ တစ်ခါတလေမှာ အဲဒီလိုခံစားချက်တွေ ဖုံးကွယ်ထားတာက ကောင်းပေမဲ့ တချို့ခံစားချက်တွေ (ဥပမာ ဝမ်းနည်းမှုတွေ၊ အားငယ်မှုတွေ၊ မကျေနပ်မှုတွေ) က မျိုသိပ်ထားလို့ မကောင်းတာကြောင့် ဖွင့်ပြောလာအောင်လုပ်ပြီး နှစ်သိမ့်ပေးသင့်ပါတယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။