ဆောင်းရာသီကို ချစ်သင့်တဲ့ အကြောင်းရင်းလေးများ

blank

၁။ ချမ်းအေးနေတဲ့ဆောင်းရာသီအချိန်မှာ ကော်ဖီပူပူလေး သောက်လိုက်ရတဲ့အရသာဟာ စွဲမက်ဖို့ကောင်းသလို သင့်ကိုလည်း ချက်ချင်းနွေးထွေးသွားစေမှာပါ။

၂။ အမွေးပွပွနဲ့ ချစ်စဖွယ် ရောင်စုံခြေအိတ်လေးတွေကတော့ သင့်ခြေထောက်ကိုသာမက စိတ်ကိုပါ နွေးထွေးသွားစေမှာပါ။

၃။ ဆောင်းရာသီချိန်ခါဟာ သိုးမွှေးဦးထုပ်လှလှလေးကို ထုတ်ဆောင်းပြီး ရှိုးထုတ်ရမယ့် အချိန်လေးပါပဲ။

၎။ ဆောင်းရာသီမှာ ချစ်သူကို ယုယစွာ ပွေ့ဖက်ထားခြင်းက သင့်ကို နွေးနွေးထွေးထွေးရှိပြီး သက်တောင့်သက်သာရှိစေမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ နှင်းတွေဖုံးအုပ်နေတဲ့ သဘာဝရဲ့ အလှ ကိုလည်း တွေ့မြင်နိုင်မှာပါ။

၆။ ချမ်းအေးတဲ့ဒဏ်ကို ခံနိုင်ရည်ရှိဖို့ အဝတ်ထူထူတွေအောက်မှာ နှစ်မြှုပ်နေရတာဟာလည်း အရမ်းသက်တောင့်သက်သာရှိပါတယ်။

၇။ ချမ်းအေးတဲ့ဆောင်းရာသီမှာ မီးလင်းဖိုဘေးထိုင်နေရတာကလည်း ဆောင်းတွင်းမှာပဲ ရနိုင်တဲ့ အရသာလေးပေါ့။

၈။ အအေးမှာလည်း ကောင်းကျိုးတွေရှိပေမယ့် တချို့လူတွေကတော့ အအေးရှောင်ဖို့အတွက် ပူနွေးတဲ့နေရာတစ်ခုခုကို ခရီးထွက်တတ်ကြပါတယ်။ အခုအချိန်ဟာ ဒီကောင်းကျိုးလေးတွေကို အကုန်အသုံးချနိုင်မယ့် ဆောင်းလလယ်ဖြစ်တာမို့ ဒီရာသီကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးလိုက်ပါနော်။

သင့်မှာလည်း ဆောင်းတွင်းကို ချစ်ရတဲ့အကြောင်းရင်းလေးတွေ ရှိရင် မျှဝေပေးခဲ့ပါဦးနော်။