ဘဝအတွက် အချိန်တိုင်း ကြိုးစားရုန်းကန်နေသူကြီးဖတ်ဖို့

blank

အချိန်တိုင်းမှာ ကြိုးစားရုန်းကန်နေသူကြီးရေ…။

လူတွေရဲ့ အကြိုက်ကိုလိုက်ပြီး ပင်ပန်းနွမ်းနယ်နေပြီလား။ လူတွေရဲ့ စကားသံတွေကို နားထောင်ပြီး နွမ်းလျနေပြီလား။ အဲ့ဒီလိုခံစားနေရတယ်ဆိုရင် လူတွေရဲ့ ဝေဖန်သံတွေကို နားထောင်ဖို့ လောကကြီးထဲရောက်လာခဲ့တာလားဆိုတာကို စဉ်းစားကြည့်ပါ။ လူတွေရဲ့ ဝေဖန်သံတွေကို လိုက်ပြီးခံစားဖို့ထက် ကိုယ့်ကိုယ်ကိုယ်သိပြီး ကိုယ့်အကြောင်းကိုကိုယ် ဖန်တီးဖို့သာ အရေးကြီးတယ်ဆိုတာကို မှတ်ထားပေးပါ။

ဘဝမှာ အရေးအကြီးဆုံးက ကိုယ့်ရဲ့စိတ်လုံခြုံမှုကို ကိုယ်တိုင်ဖန်တီးဖို့ ကိုယ့်ကိုယ်ကိုယ်စိတ်ချမ်းသာအောင်ထားဖို့ အရေးကြီးပါတယ်။ လူတွေရဲ့ သဘောကျမှု ရရမရရ ကိုယ့်ကိုယ်ကိုယ်နှစ်သက်လက်ခံဖို့အရေးကြီးပါတယ်။

ဒါ့ကြောင့်…. ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ မမေ့ပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။