သင့်ကိုရှောင်နေတယ်လို့ သင်ထင်တဲ့သူတွေက တကယ်တော့…

blank

တစ်ခါတလေမှာ မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေက သင့်ကို အဆက်အသွယ် မလုပ်ဘူးဆိုရင် သင့်စိတ်ထဲမှာ သူတို့ကို အထင်လွဲပြီး စိတ်ခုမိမှာ အသေအချာပါပဲ။ ဒါပေမဲ့ “သူတို့ရှောင်နေတယ်”ဆိုတယ်လို့ပဲ မတွေးဘဲနဲ့ “သူတို့မှာ ဘယ်လိုအခက်အခဲတွေများရှိနေလို့ပါလိမ့်” ဆိုပြီး တွေးကြည့်လိုက်ပါ။

သူတို့က သင့်ကိုရှောင်နေတာမဟုတ်လောက်ပါဘူး။ သူတို့ဟာ…

၁။ မထင်မှတ်တဲ့ဘဝအပြောင်းအလဲတွေကြောင့် စိတ်ညစ်နေရတာလည်းရှိမယ်။

၂။ သူတို့ဘဝအဆင်ပြေဖို့ ခက်ခက်ခဲခဲကြိုးစားနေတာတွေလည်း ရှိမယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ လူမှုရေးတွေအတွက် အချိန်ပေးဖို့ကို မအားလပ်တာမျိုးတွေလည်း ရှိမယ်။

၎။ နာမကျန်းဖြစ်တာနဲ့ ကိုယ်ရေးကိုယ်တာကိစ္စလေးတွေကြောင့်လည်း ဖြစ်မယ်။

၅။ ဟန်ဆောင်ပြီးမပြုံးနိုင်လောက်အောင်ကို လောကဓံရဲ့ ရိုက်ချက်တွေခံစားနေရတာလည်း ဖြစ်မယ်။

ဘယ်သူ့မှာ ဘယ်လိုအခက်အခဲတွေ ဖြစ်နေမလဲဆိုတာကို သင်လုံးဝသိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ဖက်သတ်ထင်မြင်ချက်တွေနဲ့ အထင်မလွဲလိုက်ပါနဲ့။ လူတိုင်းမှာ ကိုယ့်အပူနဲ့ကိုယ် ရှိနေပါတယ်။

သင်ပြောချင်တာလေးတွေကို comment မှာ မျှဝေနိုင်ပါတယ်။