နေ့ ရက်တိုင်းမှာ ဒီလိုစိတ်မျိုးမွေးပါ။

blank

၁။ တစ်နေ့တာကို သင်နှစ်သက်တဲ့အရာတွေနဲ့စတင်လိုက်ပါ။

၂။ သင့်စွမ်းရည်ကို ယုံကြည်ပါ။

၃။ မနှစ်သက်တာကို ပွင့်ပွင့်လင်းလင်းထုတ်ပြောပါ။

၎။ ဖြေရှင်းပြစရာမလိုတဲ့ကိစ္စတွေကို မတုန့် ပြန်ဘဲထားလိုက်ပါ။

၅။ သူငယ်ချင်းတွေ မှတ်ချက်ပေးတဲ့ သင့်အားသာချက်ကို မှတ်ထားပါ။

၆။ သင့်အရည်အချင်းတွေကို အကောင်းဆုံးဖော်ထုတ်ပြပါ။

၇။ နေ့စဉ်လုပ်ငန်းတာဝန်တွေကို အရေးကြီးဆုံးအပိုင်းက စတင်ပါ။

၈။ သင့်ကိုယ်သင် ဦးစားပေးပါ။

၉။ အပြစ်ဆိုတာ ဝေဖန်မှုသက်သက်ဆိုတာသိပါ။

၁ဝ။ အလှတရားထက် ကျန်းမာဖို့ ဦးစားပေးပါ။

၁၁။ မလိုအပ်တဲ့ အတွေးတွေကို ခေါင်းထဲက ထုတ်လိုက်ပါ။

၁၂။ တခြားလူတွေအတွက်နဲ့ပဲ သင့်အချိန်တွေ ကုန်မသွားအောင်သတိပြုပါ။

၁၃။ နှလုံးသားအတွက်လည်း အချိန်ပေးပါ။

၁၄။ သူများပေးတဲ့အကြံတွေကို စဉ်းစားပြီးမှ လက်ခံပါ။

၁၅။ စေတနာနဲ့ပေးတဲ့အကြံဉာဏ်တွေကိုနားထောင်ပါ။

၁၆။ သင့်ဘဝစာမျက်နှာကသာ သင့်အတွက်သင်ခန်းစာပါ။

၁၇။ ကိုယ်တိုင်တက်တက်ကြွကြွနေပြီး တခြားသူတွေကိုပါတက်ကြွလာအောင် လှုံ့ ဆော်ပါ။

၁၈။ လက်ခံသင့်တာကို “Yes” လို ပြတ်ပြတ်သားသားပြောပါ။

၁၉။ ငြင်းဆန်သင့်တာကို “No” လို ပြတ်ပြတ်သားသားငြင်းပါ။

၂ဝ။ သင့်ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းအားလုံးကို သင်ကိုယ်တိုင်ဆုံးဖြတ်ပါ။

၂၁။ တစ်နေ့တာအလုပ်တွေကို အကျိုးရှိရှိလုပ်ပါ။

၂၂။ နာကျင်စေတဲ့ Relationship တွေထဲကနေ ရုန်းထွက်ပါ။

၂၃။ Relationship တစ်ခုကို လေးလေးနက်နက်ထားပါ။

၂၄။ လိုအပ်လာရင် အကူအညီတောင်းပါ။

၂၅။ သင့်ကိုယ်သင် ယုံကြည်မှုရှိပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂၆။ အစွန်းရောက်စိုးရိမ်ကြောက်ရွံ့တတ်တဲ့အမူအကျင့်ကို စွန့်လွှတ်ပါ။

၂၇။ အားနည်းချက်တွေကို လက်ခံပြီး အကောင်းဆုံးပြုပြင်လိုက်ပါ။

၂၈။ သင့်ကိုယ်သင် ချီးကျူးဂုဏ်ပြုပါ။

၂၉။ သင်လုပ်နိုင်တယ်လို့ ထင်တဲ့အရာတွေအားလုံးကို တတ်စွမ်းသရွေ့ လုပ်ပါ။

၃ဝ။ မျှော်လင့်ထားတဲ့ရလဒ်မရခဲ့ရင်တောင် သင့်အားထုတ်မှုအတွက် ဂုဏ်ယူပါ။

၃၁။ သူများအကြောင်းတွေကို ခေါင်းထဲကထုတ်ပါ။

၃၂။ စိတ်ကူးအိပ်မက်တွေက ပန်းတိုင်တစ်ခုဖြစ်လာဖို့ လမ်းစဆိုတာ ယုံကြည်ပါ။

၃၃။ လိုချင်တာထက် လိုအပ်တာကို ဦးစားပေးပါ။

၃၄။ သင်ရွေးချယ်မှုတိုင်းကို လေးစားမြတ်နိုးပါ။

၃၅။ ရဲရဲဝံ့ဝံ့ချစ်ပါ။

၃၆။ သင့်ခံစားချက်တွေကို တည်တည်ငြိမ်ငြိမ်လက်ခံပေးပါ။

၃၇။ အပြောင်းအလဲတွေလုပ်ဖို့ ကြောက်တဲ့စိတ်ကို ပြုပြင်ပါ။

၃၈။ အရာရာတိုင်းကို ကိုယ်ကျိုးအတွက်သာမက အများအကျိုးအတွက်ပါ ထည့်စဉ်းစားပါ။

၃၉။ အမြဲမပြတ် သင်ယူလေ့လာပါ။

၎ဝ။ သင့်ကိုယ်သင် ချစ်ခင်မြတ်နိုးပါ။

ဒီစာစောင်လေးကို နှစ်သက်တယ်ဆိုရင် LIKE & SHARE လုပ်ပေးပါဦးနော်။