လူတွေ အချိန်လွန်မှ နောင်တရလေ့ရှိတဲ့ ဘဝသင်ခန်းစာ ၇ ခု

blank

၁။ အောင်မြင်မှုအတွက် ရုပ်ရည်၊ အရပ်အမောင်း၊ အသားအရေလှပမှုတွေက ၁% ပဲ အရေးပါပြီး အလုပ်ကြိုးစားမှုက ၉၉%အရေးပါတယ်ဆိုတာ နောက်မှသိလာတာ။

၂။ အချိန်က အကောင်းဆုံးသမားတော်ဖြစ်သလို အတော်ဆုံး လူသတ်သမားလည်း ဖြစ်တယ်ဆိုတာကို အချိန်တွေ အလဟဿဖြုန်းတီးမိပြီးမှ နားလည်လာတာ…။

၃။ လူတကာပြုလုပ်တိုင်း လိုက်လုပ်တာက ဘဝရဲ့အကြီးမားဆုံးအမှားမှန်း သဘောပေါက်လာတာ။

၎။ ဘဝရဲ့ ငယ်ရွယ်နုပျိုချိန်တွေကို အလုပ်မကြိုးစားဘဲ၊ မစွန့်စားဘဲ သက်သာသလို နေခဲ့တာ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သင့်ကို ပန်းတိုင်တွေဆီမရောက်အောင် တုံ့ဆွဲစေတဲ့ အကြံဉာဏ်တွေကို နားထောင်ခဲ့မိတာ။

၆။ မနှစ်သက်တဲ့အလုပ်အတွက်ကြိုးစားရင်း နှစ်ပေါင်းများစွာကို ဖြုန်းတီးခဲ့မိတာ။

၇။ အရာရာကို ဆင်ခြေပေးပြီး ညည်းညူခဲ့မိတာ။

စာချစ်သူတို့ရေ… ကုန်ဆုံးသွားပြီးရင် အစားပြန်မရနိုင်တဲ့ အရာတွေထဲမှာ အချိန်တွေလည်း ပါပါတယ်။ ဒါကြောင့် တန်ဖိုးရှိတဲ့ဘဝအချိန်တွေကို မကုန်လွန်ခင် အကျိုးရှိရှိအသုံးချတာ အကောင်း ဆုံးပါပဲရှင်။

ကဲ… သင်မျှဝေချင်တဲ့ ဘဝသင်ခန်းစာလေးရှိရင်လည်း comment box မှာ ရေးခဲ့ပါဦးနော်။