မြေးထိန်းတဲ့အဘိုးအဘွားတွေက ဘာကြောင့် ပိုသက်ရှည်ကျန်းမာကြတာလဲ။

blank
Grandmother Playing With Granddaughter Outdoors At The Park

စာချစ်သူတို့ရေ…

မြေးတွေဟာ အဘိုး၊ အဘွားတွေရဲ့ ကိုယ်စိတ်ကျန်းမာရေးကို ကောင်းမွန်စေတယ်ဆိုတဲ့ လေ့ လာတွေ့ရှိချက်လေးကို မျှဝေချင်ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ လူတွေဟာ စိတ်ပိုင်း၊ ရုပ် ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့လာကြရပါတယ်။ အသက်အရွယ်ကြီး ရင့်သူအများစုကြုံတွေ့ကြရတာကတော့ dementia လို့ခေါ်တဲ့ မှတ်ဉာဏ်ကျဆင်းလာမှုပါပဲ။

ဝမ်းသာစရာသတင်းကတော့ မြေးထိန်းတဲ့ အဘိုးအဘွားတွေဟာ အယ်လ်ဇိုင်းမား (Alzheimer) ရောဂါဖြစ်ပွားနိုင်ခြေကို အလိုလိုလျှော့ချပြီးသား ဖြစ်စေတယ်ဆိုတဲ့ လေ့လာတွေ့ရှိ ချက်ပါပဲ။ တစ်ပတ်မှာ တစ်ကြိမ်ပဲ မြေးထိန်းတဲ့ အဘွားတွေတောင် မြေးလုံးဝမထိန်းတဲ့ အဘွားတွေ ထက် မှတ်ဉာဏ်အားပိုကောင်းကြပါတယ်။ အဓိကကတော့ မြေးတွေနဲ့ကြားက ခိုင်မြဲတဲ့ သံယောဇဉ် ကြိုးတွေက အဘိုး၊ အဘွားတွေရဲ့ ကျန်းမာရေးအပေါ် အကျိုးကျေးဇူးကောင်းတွေ ရရှိစေတာပါ။ စောစောသေဆုံးနိုင်ခြေလည်း လျော့နည်းသွားစေပါတယ်။  မြေးတွေထိန်းနေရတဲ့အတွက် အမြဲ တက်ကြွလှုပ်ရှားနေတာက ကျန်းမာရေးနဲ့ ညီညွှတ်စေသလို ပြင်ပစိတ်ဖိစီးမှုတွေနဲ့လည်း ကင်းဝေး သွားစေပါတယ်။ ဒါတွေက သက်ရှည်ကျန်းမာစေတဲ့ အချက်တွေပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

စာချစ်သူတို့ရေ… ခိုင်မြဲတဲ့ မိသားစုဘဝလေးဆိုတာ သဘာဝတရားကြီးဆီက လူတိုင်းရယူနိုင် တဲ့ အကောင်းဆုံး ဆုလာဘ်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီဆုလာဘ်လေးကို မိသားစုတိုင်း ပိုင်ဆိုင်နိုင်ကြပါ စေနော်။

ချစ်ခြင်းမေတ္တာတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။