တက်တက်ကြွကြွနဲ့အလုပ်ကြိုးစားဖြစ်စေမယ့် အကြောင်းတရားလေးတွေ

blank

များသောအားဖြင့်တော့ အလုပ်ကို စိတ်ပါလက်ပါနဲ့ တက်တက်ကြွကြွကြိုးစားနေသူတိုင်းရဲ့ ဘဝနောက်ကွယ်မှာ တွန်းအားလေးတချို့ရှိနေတတ်ကြပါတယ်။ ဥပမာ- ဝမ်းရေးအခြေအနေ၊ မိသားစု မျှော်လင့်ချက်၊ ချစ်သူရဲ့တောင်းဆိုချက်၊ အနာဂတ်အရေး စသဖြင့်ပါ။ ဒီလိုတွန်းအားတွေနဲ့ အလုပ် ကြိုးစားတာကောင်းပါတယ်။ ဒါပေမဲ့ ဘဝဆိုတာ ခရီးရှည်ကြီးဖြစ်တဲ့အတွက် တွန်းအားမရှိလည်း ကြိုး စားမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တကယ်တော့ “ ပညာသင်ချိန်မှာ အနာခံမှ အရွယ်ရောက်လာချိန်မှာ အသာစံရမယ်။ ပညာ သင်ချိန်မှာ အသာစံနေရင် အရွယ်ရောက်လာတဲ့အခါ အနာခံရလိမ့်မယ်” ဆိုတဲ့ စကားလေးအတိုင်း ပါပဲ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကြိုးစားအားထုတ်မှုကတော့ အနာဂတ်အတွက် အာမခံချက်ရှိအောင် ပြု လုပ်တာနဲ့ အတူတူပါပဲ။

ဒါကြောင့် သင့်မှာ အတန်ကြာအချိန်ဆွဲနေမိတဲ့ မလုပ်ဖြစ်သေးတဲ့အလုပ်လေးတွေရှိရင် ဒီနေ့ပဲ စတင်လုပ်ကိုင်လိုက်ပါ။ အဲ့ဒါက ဘယ်အခြေအနေမှာ ရှိနေနေ၊ ဘယ်လောက်ကြာအောင် လုပ်ရမှာပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူး။ တစ်နေ့ကျရင် သင်ဖြတ်သန်းခဲ့ရတဲ့အရာတွေက သင့်အတွက် ဂုဏ်ယူစရာ မှတ်ကျောက်တွေအဖြစ် တင်ကျန်ရစ်စေခဲ့မှာပါ။ ပြီးတော့ တက်တက်ကြွကြွနေထိုင်ပါ။ ရည်မှန်းချက် ပြည့်ဝတဲ့အထိ ကြိုးစားပါ။ သက်တောင့်သက်သာနဲ့ အာရုံစူးစိုက်မှုအားကောင်းစေဖို့ ကိုယ်လက်လှုပ် ရှားမှု လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်ပြုလုပ်သွားပါ။ အွန်လိုင်းသုံးချိန်တွေကို လျှော့ချပါ။ အလုပ်လုပ်နေ ချိန်မှာ ဖုန်းကို ဝေးဝေးမှာထားပါ။

ဒါ့အပြင် အရေးကြီးဆုံးက သင့်ကိုယ်သင်အပြည့်အဝယုံကြည်မှုရှိပါ။ အဲ့ဒီယုံကြည်မှုနဲ့အတူ အလုပ်မှာတက်ကြွကြိုးစားရင်း သင့်ဘဝရဲ့ ကြီးပွားတိုးတက်မှုဆီ ရွေ့လျားသွားလိုက်ပါ။

စိတ်ဓာတ်ခွန်အားတွေကို ပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦး။