ဗိုက်ဆာတဲ့အခါ ဘာတွေလုပ်နိုင်လဲ

blank

ဗိုက်ဆာတဲ့အခါ အစားတစ်ခုခုစားမှာပေါ့လို့ လူတော်တော်များများဖြေကြပါလိမ့်မယ်။ ဒါပေမဲ့ ဗိုက်ဆာနေတဲ့အချိန်မှာ လုပ်နိုင်တဲ့အလုပ်လေးတွေလည်း ရှိပါတယ်။ ဘာတွေလည်းဆိုတာ ကြည့်လိုက်ရအောင်နော်။

၁။ ပြဿနာတွေကို ဖြေရှင်းပါ။

အာရုံစူးစိုက်နိုင်စွမ်းက ဗိုက်ဆာတဲ့အချိန်မှာ ပိုပြီးအားကောင်းနေတတ်တယ်တဲ့။ လေ့လာချက်တွေအရ ဗိုက်ဆာနေတဲ့အချိန်တွေမှာ အစားစားရဖို့ကိုပဲ အာရုံစိုက်နေရင် ပိုပြီး ဗိုက်ဆာတတ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဆာလောင်မှုကို သက်သာအောင် အလုပ်တစ်ခုခုမှာ အာရုံစိုက်ထားသင့်ပါတယ်။ ပြီးတော့ ဗိုက်ဆာတဲ့အချိန်မှာထွက်တဲ့ ghrelin ဟော်မုန်းက ဦးနှောက်ရဲ့လုပ်ဆောင်မှုနဲ့ တစ်ပြိုင်နက်တည်းလုပ်ဆောင်နိုင်စွမ်းတွေကို မြင့်တက်အောင် ကူညီပေးပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်း မှရေးသားတင်ဆက်သည်။

၂။ ရွေးချယ်မှုတွေပြုလုပ်ပါ။

တစ်ခုခုကို ဆုံးဖြတ်ရ၊ ရွေးချယ်ရခက်နေရင် ဗိုက်ဆာနေတဲ့အချိန်မှာ ရွေးချယ်ဆုံးဖြတ်ကြည့်ပါ။ လေ့လာချက်တွေချက်တွေအရ ဗိုက်ဆာနေချိန်မှာ ဆုံးဖြတ်ချက်တွေကို ကောင်းကောင်းချမှတ်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ငွေကြေးဆိုင်ရာကိစ္စတွေ၊ အချစ်ရေးတွေနဲ့ အလုပ်ကိစ္စတွေကိုတော့ ဗိုက်ဆာနေချိန်မှာ စိတ်မြန်လက်မြန်မဆုံးဖြတ်နဲ့ပေါ့။

အမြဲတမ်းဗိုက်ဆာနေတတ်သူလေးတွေကို mention ခေါ်လိုက်ပါ။