ရေချိုးရင်းစဉ်းစားတဲ့အခါ ဘာကြောင့်ပိုကောင်းတဲ့အကြံဉာဏ်ထွက်တာလဲ။

blank

အခက်အခဲတချို့ရှိနေတဲ့အခါ၊ ဒါမှမဟုတ် တစ်ခုခုတွေးစရာရှိတဲ့အခါ ရေချိုးနေရင်းနဲ့ ခေါင်းထဲ မှာ အကြံဉာဏ်ကောင်းတွေ ရလိုက်တဲ့အခိုက်အတန့် လူတိုင်းရဲ့ဘဝမှာ ကြုံဖူးကြမှာပါ။ အဲ့ဒါ ဘာ ကြောင့်လဲဆိုတာကို သိပ္ပံပညာရှင်တွေက လေ့လာဆန်းစစ်ပြီး ပြောပြထားကြပါတယ်။

လူ့ဦးနှောက်ထဲမှာ ဒိုပါမင်(dopamine) အများအပြား ထုတ်လွှတ်နေပါတယ်။ ရေချိုးခန်းထဲမှာ ရေနွေးနွေးလေးနဲ့ ရေချိုးရင်း လေ့ကျင့်ခန်းလုပ်တာ၊ တေးဂီတနားထောင်တာတွေဟာ ဦးနှောက်အ တွင်းက ဒိုပါမင်ဓာတ်စီးဆင်းမှု ပိုမိုတိုးမြှင့်အောင် ပြုလုပ်ပေးပါတယ်။ အဲ့ဒီလို စိတ်ကောလူပါ သက် တောင့်သက်သာရှိနေချိန်မှာ လူတွေဟာ မိမိတို့ကိုယ်တွင်းကို ပိုပြီး အာရုံစိုက်နိုင်လာတယ်။ ထိုးထွင်း သိတဲ့ ဆက်သွယ်မှုလေးတွေ ဖြစ်လာကြပါတယ်။ အဲ့ဒီအချိန်မှာ စိတ်ဟာ ပြဿနာတစ်ခုဖြေရှင်းဖို့ ပိုပြီး စိတ်ကူးဉာဏ်ကောင်းမွန်လာပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါကြောင့် ရေချိုးရင်းစဉ်းစားတဲ့အခါ ပြဿနာအတွက် ပိုကောင်းတဲ့အဖြေတွေ ရရှိလာတာ ဖြစ် ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဖျတ်ခနဲရလိုက်တဲ့စိတ်ကူးကောင်းတွေကို အချိန်မီဖမ်းဆုပ်မထားဘူး ဆိုရင်လည်း ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူးလို့ သိပ္ပံပညာရှင်တွေက သတိပေးထားကြပါတယ်။ ဘာ ကြောင့်လဲဆိုတော့ လူဆိုတာ မေ့တတ်တဲ့အမျိုးမို့ပါတဲ့။

သင်ကော ဘယ်အခြေအနေမှာ စဉ်းစားရင် ပိုပြီးစိတ်ကူးကောင်းထွက်တတ်လဲ။ comment box မှာ မျှဝေခဲ့ပါဦးနော်။