ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများရဲ့ခေါင်းဆောင်ကောင်းဆိုင်ရာဒဿနများ

blank
A portrait of an Asian university student on campus

၁။ လူတစ်ယောက်ရဲ့ဒဿနဆိုတာ အကောင်းဆုံးကိုဖော်ပြနေတာမဟုတ်ပါဘူး။ သူ့တာဝန်ယူနိုင်စွမ်း ပေါ်မူတည်ပြီး သူ့ရွေးချယ်မှုကို ဖော်ပြခြင်းသာဖြစ်ပါတယ်။

၂။ ခေါင်းဆောင်ကောင်းရဲ့အရည်အချင်းဆိုတာ ပြဿနာတွေကို ဖြေရှင်းနိုင်မှုဖြစ်တယ်။ လက် အောက်ငယ်သားတွေက သူတို့ပြဿနာတွေဖြေရှင်းဖို့ ခေါင်းဆောင်ရဲ့အကူအညီ မယူတော့တဲ့နေ့ဟာ ခေါင်းဆောင်မှု ကျဆုံးတဲ့နေ့ပဲဖြစ်တယ်။

၃။ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့အရည်အချင်းဆိုတာ သက်တောင့်သက်သာ အခြေအနေမှာ သူရပ်တည်နေတဲ့နေရာနဲ့ မဆိုင်ပါဘူး။ အတိုက်အခံနဲ့ ငြင်းခုန်မှုတွေကြုံနေရချိန်မှာ သူရပ်တည်လိုက် တဲ့ နေရာနဲ့ဆိုင်တာပါ။

၎။ သင်ခေါင်းဆောင်မဖြစ်ခင်မှာ တိုးတက်ကြီးပွားမှုမှန်သမျှဟာ သင့်အတွက်ဖြစ်တယ်။ သင်ခေါင်း ဆောင်ဖြစ်ပြီးနောက်မှာ တိုးတက်ကြီးပွားမှုမှန်သမျှဟာ တခြားသူတွေအတွက် ဖြစ်တယ်။

၅။ ခေါင်းဆောင်တွေဟာ ခေါင်းဆောင်လုပ်ဖို့ မွေးဖွားလာကြတာမဟုတ်ပါဘူး။ တခြားသူတွေလိုပဲ မွေးဖွားလာကြပြီး အလုပ်ကြိုးစားမှုတွေ၊ ထိုက်တန်တဲ့ပေးဆပ်မှုတွေကနေ ခေါင်းဆောင်ဖြစ်လာကြ တာပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ စီမံခန့်ခွဲတယ်ဆိုတာ အစီအစဉ်တွေဆွဲပြီး ရှင်းပြခြင်းသာဖြစ်တယ်။ ခေါင်းဆောင်တယ်ဆိုတာက လမ်းညွှန်ပဲ့ပြင်ပေးခြင်းနဲ့ ပိုကောင်းတဲ့အခြေအနေရောက်အောင် မြှင့်တင်ပေးတာဖြစ်တယ်။

၇။ မတ်တပ်ရပ်ပြီး စကားပြောရဲတာကမှ သတ္တိမဟုတ်ပါဘူး။ တစ်ခါတရံမှာ ထိုင်ပြီး နားထောင်တာက လည်း သတ္တိပဲ ဖြစ်တယ်။

၈။ ကမ္ဘာကြီးကို သင်မြင်ချင်တဲ့ပုံစံအတိုင်း ပြောင်းလဲလိုက်ပါ။

၉။ တကယ်အောင်မြင်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ သော့ချက်က သြဇာလွှမ်းမိုးနိုင်မှုဖြစ် တယ်။ အာဏာနဲ့ ချုပ်ကိုင်မှုမဟုတ်ပါဘူး။

ဒဿနကောင်းလေးတွေကို ပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။