သူ မကျော်ဖြတ်နိုင်တဲ့ အခက်အခဲဆိုတာ ရှိသေးလို့လား

blank

သူ့စိတ်တွေ ကွဲကြေခဲ့ရတယ်…။

သူ့စိတ်ဓာတ်တွေ အောက်ပြုတ်ကျခဲ့တယ်…။

သူ ကျရှုံးခဲ့တယ်…။

တခြားသူတွေ မခံစားနိုင်တဲ့ နာကျင်မှုတွေကို သူခံစားခဲ့ရတယ်။

သူ့မျက်နှာမှာ ကြောက်ရွံ့မှုရဲ့ အရိပ်အယောင်တွေ တွေ့ခဲ့ရတယ်။

ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်ပြောင်းသွားတယ်။

ဒါပေမဲ့ သူအခုအချိန်ထိ လက်မလျှော့ဘူး၊ ထွက်မပြေးဘူး၊ ပုန်းမရှောင်ခဲ့ဘူး။

ပြန်ထနိုင်ဖို့နည်းလမ်းကို အမြဲတမ်းရှာနေခဲ့တယ်။

သူ့ကို ဘယ်သူမှ ပုတ်မချနိုင်ဘူး၊ ချမနင်းနိုင်ဘူး၊ အနိုင်မယူနိုင်ဘူး။

သူ့စိတ်ဓာတ်နဲ့ ကြိုးစားမှု၊ သတ္တိတွေက သူ့ကို သူရဲကောင်းအဖြစ် သတ်မှတ်ပေးနေတယ်။

သူဆိုတာ ဘယ်သူလဲသိလား… သူဆိုတာ ဒီစာကိုဖတ်နေတဲ့ “သင်” ပေါ့။

စိတ်ခွန်အားတွေရလိုက်တယ်ဆိုရင် SHARE လိုက်ပါနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။