သင့်အိပ်မက်တွေတကယ်ဖြစ်လာဖို့ သင့်ကိုယ်သင်ရင်းနှီးမြှုပ်နှံမှုနဲ့စတင်လိုက်ပါ။

blank

မိတ်ဆွေ…

ပထမဆုံးပြောချင်တာက သင့်မှာ ဘာအိပ်မက်တွေရှိနေလဲဆိုတာ ကျွန်မ မသိပါဘူး။ ဘာအိပ် မက်တွေပဲရှိရှိ အရေးမကြီးပါဘူး။ သင့်မှာ အိပ်မက်လေးတစ်ခုရှိနေတယ်ဆိုတာနဲ့တင် သင်ဟာ တန်ဖိုး ရှိတဲ့လူတစ်ယောက်ဖြစ်နေပြီဆိုတာ သေချာပါတယ်။

အဲ့ဒီအိပ်မက်ဆီရောက်ဖို့ သင်ဘယ်လောက်စိတ်ပျက်စရာတွေ ကြုံဆုံခဲ့ရပြီးပြီလဲ။

ဒါကလည်း အိပ်မက်ရှိသူတိုင်း ကြုံတွေ့ကြရမယ့် ဓမ္မတာတစ်ခုပါ။ သင့်အိပ်မက်ဆီသွားရာလမ်းက သင်ထင်ထားတာထက်တောင် ခက်ခဲလိမ့်မယ်။ နာကျင်စရာ ဘဝ ပြောင်းလဲမှုတွေကို ဖန်တီးပေးလိမ့်မယ်။ စိတ်ပျက်စရာတွေလည်း အများကြီး တွေ့ဆုံရလိမ့်မယ်။ သင့်လုပ်ရည်ကိုင်ရည်အပေါ် သင့်ကိုယ်သင် သံသယဝင်လာတဲ့အထိလည်း ကြုံဖူးလိမ့်မယ်။ တစ်ခါ တလေလည်း ဘုရားတမိအောင် ထိတ်လန့်ရလိမ့်မယ်။

“ ဘာကြောင့်လဲ…ငါ့အလှည့်ကျမှ တခြားသူတွေထက်တောင် ဘာကြောင့် အဖြစ်ပိုဆိုးရတာ လဲ။ အခက်အခဲတွေ စုပြုံနေရတာလဲ” ဆိုတဲ့ မေးခွန်းမျိုးလည်း လောကကြီးကို နာနာကျည်းကျည်း မေးဖူးလိမ့်မယ်။

ကျွန်မပြောတာ ယုံပါ။

ဘယ်လောက်ပဲ အဆိုးတွေကြုံနေပါစေ၊ သင့်အိပ်မက်တွေကို လုံးဝအရှုံးမပေးလိုက်ပါနဲ့။ ကြိုး စားနေသူတိုင်းရဲ့ ခရီးလမ်းမှာ ခက်ခဲချိန်တွေကတော့ ရောက်လာနေမှာပါပဲ။ ဒါပေမဲ့ သူတို့က သင်နဲ့ တစ်သက်လုံး အတူနေနေမှာမဟုတ်ပါဘူး။ အချိန်တန်ရင် သင့်ကိုဖြတ်ကျော်သွားကြမှာပါ။ တကယ် တော့ အောင်မြင်မှုဆိုတာ တန်ခိုးရှင်က လူတွေကို ခွဲခြားပြီးပေးထားတဲ့ သီးသန့်အရာ မဟုတ်ပါဘူး။ မဖြစ်နိုင်တဲ့ မှော်ပညာတစ်ခုလည်း မဟုတ်ပါဘူး။ အဲ့ဒီအရာ တကယ်ရှိနေတယ်။ လောကကြီးမှာ၊ သင့် ပတ်ဝန်းကျင်မှာလည်း တကယ်အောင်မြင်နေတဲ့သူတွေကို သင်တွေ့ပါလိမ့်မယ်။

ဒါကြောင့် သင်ကလည်း အောင်မြင်နိုင်တဲ့လူတွေထဲက တစ်ယောက်ဖြစ်တယ်။ သင့်ကိုယ်သင် ယုံကြည်ပါ။ လူအများစုဟာ အိမ်ရာထူထောင်ကြတယ်။ ငွေရှာကြတယ်။ ပြီးတော့ အသက်အရွယ်ကြီး လာပြီး သေဆုံးသွားကြတယ်။ သူတို့ဝါသနာတွေကို သူတို့မေ့သွားကြတယ်။ သူတို့ဆက်လက်တိုး တက်မှုကို သူတို့ဘာသာဟန့်တားပိတ်ပင်လိုက်ကြတယ်။ အများစုက သူတို့ဘဝမှာ အောင်မြင်ဖို့ အ ခွင့်အရေးမရှိတာဟာ ဘာအတွက်၊ ညာအတွက်ကြောင့်ဆိုပြီး ဆင်ခြေတွေပေးကြတယ်။ တကယ် တော့ ဒါဟာ အကြောင်းပြချက်တစ်ခုပါ။

တချို့ကလည်း မအောင်မြင်ခင် ကျဆုံးမှာကြောက်ကြတယ်။ လူတွေကဲ့ရဲ့ပြစ်တင်မှာ ကြောက် ကြတယ်။

သေချာစဉ်းစားကြည့်ပါ။ အဲ့ဒါတွေကြောက်နေရင် သင့်ဘဝဟာ တခြားသူတွေအကြောင်းတွေး ရင်းနဲ့ပဲ အချိန်ကုန်မှာပါပဲ။ အဲ့ဒီအကြောက်တရားတွေထဲကနေ သင့်ကိုယ်သင် ဆွဲမထုတ်နိုင်သေးသ ရွေ့ သင့်ဘဝက အခုနေရာမှာပဲ ဆက်လက်ရပ်တည်နေရမှာပါပဲ။ သင့်ဘဝသင် ရှာတွေ့ချင်ရင် သင့် အချိန်တွေကို သင့်အတွက်ပဲ ရင်းနှီးမြှုပ်နှံပါ။ သင့်ကိုယ်သင်သိလာတဲ့နေ့ဟာ သင့်လမ်းကြောင်းပေါ် သင်ရောက်တဲ့နေ့ပါပဲ။ တခြားသူတွေ သင့်ကိုမြင်တွေ့ဖို့ မမျှော်လင့်ပါနဲ့။ သင့်ကိုယ်သင် မြင်တွေ့ဖို့ အရင် ကြိုးစားပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အိပ်မက်ခရီးလမ်းမှာ စိတ်ပျက်စရာတွေနဲ့ ကြုံတွေ့ရရင်တောင် သင့်လမ်းကြောင်းကို သင် ပြတ်ပြတ်သားသားမြင်နေရင် သင့်လမ်းကြောင်းက ဆက်လက်ဖြောင့်တန်းနေမှာပါပဲ။ အဲ့ဒီလမ်း ကြောင်းပေါ်မှာ သင်တစ်ယောက်တည်းဖြစ်နေလည်း မကြောက်ပါနဲ့။

အများနဲ့အတူ သူလိုငါလို လမ်းကြောင်းပေါ်ကို လျှောက်ရင် သင်လည်း သူလိုငါလို လမ်းကြောင်းပေါ်ပဲ ရောက်သွားလိမ့်မယ်။ ပန်းတိုင်အကြောင်း ပါးစပ်ကပဲပြောနေပြီး ဘာမှလက်တွေ့ မလုပ်ရင်လည်း သင်လက်ရှိရပ်နေတဲ့နေရာမှာပဲ ဆက်ရပ်နေရလိမ့်မယ်။

ဒါကြောင့် ရွှေ့ပါ။ လျှောက်ပါ။ ပြေးပါ။ ဇွဲရှိပါ။

ပြီးရင် သင်အမြဲတမ်းမက်လာခဲ့တဲ့ အိပ်မက်ပန်းတိုင်ဆီ ရောက်တဲ့အထိ ဆက်သွားလိုက်ပါ။

စိတ်ဓာတ်ခွန်အားသစ်တွေရရှိစေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါ။