လူတွေက FA တွေကို နှိမ်ချင်ကြတယ်။ တကယ်တော့ FA ဆိုတာ….
- RS တွေ Ro နေတဲ့အချိန်မှာ အားကျချင်အားကျမယ်။ ဖုန်းပြောစရာမလို၊ စိတ်ကောက်တာ လိုက်ချော့စရာမလိုဘဲ အားအင်ပြည့်ဖြိုးအလှတိုးနေတတ်သူတွေ
- RS တွေရဲ့ ပန်းစည်းတွေ၊ ချောကလက်တွေကို သဘောကျမိပေမယ့် ဆိုင်တကာပတ်စားပြီး အပျော်ကြီးပျော်နေတတ်သူတွေ
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
- ဝါဝင်ချိန်၊ ဝါထွက်ချိန်တွေ တွက်စရာမလိုဘဲ နေ့ရက်တိုင်းမှာ မျက်နှာမလိုက်ဘဲ ပျော်နေတတ်သူတွေ
- RS တွေ လည်နေတဲ့ အခါကြီးရက်ကြီးတွေမှာ ညအိပ်ဝတ်စုံမချွတ်ဘဲ တစ်နေကုန်တစ်နေခမ်း အိမ်တွင်းပုန်းပြီး အန္တရာယ်ကင်းဘေးရှင်း အနားယူနေတတ်သူတွေ
- RS တွေရန်ဖြစ်လိုက် ပြန်ချစ်လိုက် အလုပ်ရှုပ်နေချိန်မှာ ခွေးလေးကြောင်လေးတွေနဲ့ ပြေးတမ်းလိုက်တမ်း ကစားနေတတ်သူတွေ
တကယ်တော့ FA ဆိုတာ အဝင်ဆိုးတဲ့ ဆေးလိုပဲ ကြားရတာ မကောင်းသလိုရှိပေမယ့် လောကရဲ့ သာယာမှုအပေါင်းကို ဒိုင်ခံခံစားနေသူတွေပဲ ဖြစ်ပါတယ်။