ဂီတသံစဉ်တွေက ဆုံးဖြတ်ချက်ကောင်းကောင်းချနိုင်ဖို့ တကယ်ပဲ ကူညီပေးနိုင်သလား။

blank

          စိတ်ညစ်စိတ်ပျက်နေတဲ့အချိန်၊ စိတ်ဖိစီးမှုတွေရှိနေတဲ့အချိန်၊ စိတ်အနှောင့်အယှက် ဖြစ်နေတဲ့အချိန်တွေမှာ ဆုံးဖြတ်ချက်ကောင်းကောင်းမချမှတ်နိုင်ပါဘူး။ ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ဖို့ လိုအပ်တဲ့အချက်အလက်တွေ၊ အကြောင်းအရာတွေကို သိနေရင်တောင် (ဒါမှမဟုတ်) “ညစာဘာစားရမလဲ” ဆိုတဲ့ ရိုးရှင်းတဲ့ဆုံးဖြတ်ချက်လေးတွေဖြစ်နေရင်တောင် စိတ်မကြည်ရင် ဘာဆုံးဖြတ်ချက်မှ ကောင်းကောင်းမချမှတ်နိုင်ပါဘူး။

မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်ဖို့ဆိုတာ သိမြင်မှု၊ အာရုံ၊ နားလည်မှု၊ ဗဟုသုတ၊ ဖြစ်နိုင်ခြေ စတဲ့အကြောင်းအရာတွေအပေါ်မှာ မူတည်နေပါတယ်။ အရေးကြီးဆုံးကတော့ စွမ်းအင်အပြည့်ရှိပြီး အကောင်းမြင်စိတ်ရှိဖို့ပါပဲ။ စိတ်ရောကိုယ်ပါလန်းဆန်းတက်ကြွနေပြီး စိတ်အားထက်သန်နေချိန်၊ အကောင်းမြင်စိတ်တွေ ဖြစ်နေချိန်မှာ ပြဿနာတွေအစား ဖြေရှင်းနည်းကို တွေ့လာလိမ့်မယ်။ အတားအဆီးတွေအစား အခွင့်အလမ်းတွေကို တွေ့လာလိမ့်မယ်။ ရှုံးနိမ့်မှုတွေအစား အောင်မြင်နိုင်မယ့်လမ်းကို တွေ့လာလိမ့်မယ်။ ပြောရရင်တော့ အခြေအနေ၊ အချိန်အခါကောင်းမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ပိုပြီး အမျှော်အမြင်ရှိစွာ ချမှတ်နိုင်တာပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီအကြောင်းအရာတွေနဲ့ ဂီတနဲ့ ဘယ်လိုများ ဆက်စပ်နေတာပါလိမ့်။

သေချာရွေးချယ်နားထောင်တတ်ရင် ဂီတသံစဉ်လေးတွေက စွမ်းအင်ကို မြှင့်တင်ပေးနိုင်တယ်၊ ပြီးတော့ ကိုယ်လုပ်နေတဲ့အလုပ်ကို ပြီးမြောက်အောင်လုပ်ဖို့ နည်းလမ်းတွေကို ရှာတွေ့လာနိုင်စေတယ်။ ဒါပေမဲ့ သင့်တော်မှန်ကန်တဲ့ ဂီတကို ရွေးချယ်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ မှန်ကန်တဲ့ဂီတကိုရွေးမိရင် စိတ်တွေတက်ကြွလာသလို မှားယွင်းတဲ့ဂီတကို ရွေးမိရင် ပိုပြီးစိတ်ဓာတ်ကျစေနိုင်ပါတယ်။ ဆုံးဖြတ်ချက်တွေကိုလည်း ကောင်းကောင်းမချမှတ်နိုင်စေပါဘူး။
ကမ္ဘာပေါ်မှာ ဂီတအမျိုးအစားတွေအများကြီးရှိတဲ့အနက်မှ ကိုယ့်စိတ်ကို မြှင့်တင်ပေးပြီး လန်းဆန်းတက်ကြွစေတဲ့၊ စိတ်ခွန်အားဖြစ်စေတဲ့ ဂီတသံကို သေချာသိအောင် ကြိုးစားပါ။ ပြီးရင် ဆုံးဖြတ်ချက်ချတော့မယ်ဆိုတိုင်း အဲဒီဂီတကို နားဆင်ခံစားပါ။ စိတ်ခံစားမှုတွေ အကောင်းဆုံးအခြေအနေရောက်ပြီဆိုမှ ဆုံးဖြတ်ချက်ကို သေသေချာချာချမှတ်ပါ။

ဒီနည်းလမ်းလေးအတိုင်း သေသေချာချာလုပ်သွားမယ်ဆိုရင် ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချမှန်နိုင်လာတာကို တွေ့ရပါလိမ့်မယ်။

သင်စိတ်ညစ်နေရင် ဘယ်လိုဂီတအမျိုးအစားလေးတွေ နားထောင်ဖြစ်လဲ။ Comment မှာ ဖြေခဲ့ပါဦးနော်။