အချစ်ဆိုတဲ့စကားလုံးလေးနဲ့ ချည်နှောင်ပြီး စိတ်ဆင်းရဲနာကျင်အောင်ပြုမူနေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ကြပါစို့။

blank

မိန်းမသားတို့ရေ…

ကိုယ်တကယ်ချစ်မိတဲ့သူက ကိုယ့်အပေါ်မကောင်းမှန်းသိသိကြီးနဲ့ မစွန့်လွှတ်နိုင်လောက် အောင် တွယ်တာနေမိတဲ့ ခံစားချက်ကို ချစ်ဖူးသူတိုင်း သိကြပါတယ်။ အင်အားကြီးလှတဲ့ အသည်း နှလုံးရဲ့အလိုဆန္ဒကို ဆန့်ကျင်နိုင်ဖို့ဆိုတာလည်း တကယ့်ကို ခက်ခဲတဲ့ကိစ္စပါ။

ဒါပေမဲ့ အောင့်အီးသည်းခံနေလို့ကော ကိုယ်ကပျော်ရွှင်နေရသလားဆိုတော့လည်း နည်းနည်း လေးမှ မပျော်ရွှင်နေရပါဘူး။ “ ချစ်တယ်” ဆိုတဲ့ ပျားရည်စကားလုံးလေးနဲ့ အချိုသတ်ပြီး ကိုယ့်ကို နေ့စဉ်နဲ့အမျှ အမြဲစိတ်ဆင်းရဲနာကျင်အောင် ပြုမူဆက်ဆံနေတဲ့ ယောက်ျားတစ်ယောက်အတွက် မျက်ရည်တွေကိုပဲ အဖော်ပြုပြီး နေ့ရက်တွေကို ပင်ပန်းခက်ခဲစွာ ဖြတ်ကျော်နေရတယ်။

တကယ်တော့ အချစ်ကြောင့် သည်းခံနေတာပဲဖြစ်ဖြစ်၊ ကြောက်ရွံ့မှုကြောင့် ရေငုံနှုတ်ပိတ်နေတာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ပြောဆိုမှာကို ထည့်တွက်ပြီး မထူးဇာတ်ခင်းငြိမ်ခံနေ တာပဲဖြစ်ဖြစ် ဒါဟာ ကိုယ့်ကိုယ်ကို စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံနေရမှုထဲ တွန်းပို့နေတာပဲဖြစ်ပါ တယ်။ သူက သင့်ကို တကယ်ချစ်တာမဟုတ်ဘဲ သင့်အပေါ် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန် နေတာသာဖြစ်တယ်။

သင်သိလား…

တကယ်ဆို သင်ဟာ အဲ့ဒီလို ဆက်ဆံခံနေရမယ့် တန်ဖိုးမဲ့လူသားတစ်ယောက် လုံးဝမဟုတ် ပါဘူး။ ဒီစာကို သင်ဖတ်နေတဲ့အချိန်ဟာ သင့်တန်ဖိုးအမှန်ကို သင်ပြန်မြင်ရမယ့် နေ့ဖြစ်တယ်။ ပြီးခဲ့ပြီး သားနာကျင်မှုတွေကြောင့် သင့်ဘဝကို ဒီနေ့မှာပဲ အပြီးအပိုင် အခြေမချလိုက်ပါနဲ့။ သင့်နာကျင်မှုတွေကြောင့် သင်နဲ့တကယ်ထိုက်တန်တဲ့အရာတွေ၊ သင့်ဘဝမှာ တကယ်လိုချင်တဲ့ အရာတွေကိုလည်း လက်လျှော့မေ့မပစ်လိုက်ပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီနေ့ဟာ နာကျင်မှုအကျဉ်းထောင်ထဲကနေ သင့်ကိုယ်သင် လွတ်မြောက်ခွင့် ပေးအပ်ရမယ့်နေ့  ဖြစ်တယ်။

တစ်ကိုယ်ကောင်းဆန်စိတ်နဲ့ သင့်အပေါ် စိတ်ပိုင်းဆိုင်ရာနာကျင်အောင် တရိရိညှင်းပန်း နှိပ်စက်နေသူတစ်ယောက်ကို သင့်ဘဝထဲက ထုတ်ပယ်ပစ်ပြီး သင့်ကိုယ်သင်ချစ်တဲ့ ခရီးကို စတင် ရမယ့်အချိန်ဖြစ်တယ်။

လူသားတိုင်းရပိုင်ခွင့်ရှိကြတဲ့ လွတ်လပ်ပျော်ရွှင်မှုတွေနဲ့ စောင့်ကြိုနေတဲ့ သင့်မနက်ဖြန်၊ သင့် အလှပဆုံး အနာဂတ်တစ်ခုဆီ စတင်ချီတက်လျှောက်လှမ်းရတော့မယ့် အချိန်လည်း ဖြစ်တယ်။

ရှုံးနိမ့်လဲပြိုနေတဲ့ သင့်နှလုံးသားကို စိတ်ဓာတ်ခွန်အားသစ်တွေနဲ့ အခုပဲပြန်လည်ထူမတ် လိုက် ပါ။ အလှပဆုံးအောင်မြင်မှုတွေနဲ့ သင့်အနာဂတ်ကို အကောင်းဆုံးထုဆစ်ပစ်လိုက်ပါ။

စာစောင်လေးဖတ်ပြီး  ပြောချင်တာလေးတွေရှိရင် comment box မှာ တစ်ခုခုပြောခဲ့ပေးပါ။