နေမင်းကြီးနဲ့ လွဲလို့ ငိုနေလား…

blank

ဂန္ထဝင်ပရိသတ်များရှင်….။

သင့်ဆီမှာ ဒေါ်လာပေါင်း ၈၆၄ဝဝ ရှိတယ်ဆိုပါစို့။ အဲ့ဒီငွေတွေထဲကနေ တစ်ယောက်ယောက်က ကျပ်တစ်ရာလောက် ခိုးသွားတယ်ဆိုရင် သင်ဘယ်လို ခံစားရလဲ။

ပျောက်သွားတဲ့ တစ်ရာကျပ်အတွက် ငိုကြွေးခံစားနေမလား။ သင့်ဆီက ခိုးသွားတဲ့ သူက သင့်ပိုက်ဆံကို ပြန်လာပေးမလားလို့ မျှော်လင့်ရင်း ကြေကွဲခံစားနေမလား။

ဒါမှမဟုတ် သင့်ဆီမှာရှိနေတဲ့ ဒေါ်လာပေါင်း ၈၆၄ဝဝ နဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေမလား။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကျွန်မတို့ သင်တို့ဘဝရဲ့ တစ်နေ့တာမှာ စက္ကန့်ပေါင်း ၈၆၄ဝဝ ဆီရရှိကြပါတယ်။

သင့်ဘဝရဲ့ မကောင်းမြင်စကားတွေ လာပြောပြီး ဆယ်စက္ကန့်လောက်ကို လာဖြုန်းတီးသွားတဲ့ သူတစ်ယောက်ပြောသွားတဲ့ စကားတွေကို တွေးတွေးပြီး စက္ကန့်ပေါင်း ၈၆၃၉ဝ ကို ဖြုန်းတီးပစ်မလား။

အကောင်းမြင်စိတ်တွေပြန်မွေးပြီး တစ်နေ့တာကို ဖြတ်သန်းမလား။

တွေးကြည့်ကြည့်ပါ….

တွေးပြီးသွားလို့ ရတဲ့အဖြေလေးကို comment box မှာရေးခဲ့ပါ။