သင့်တစ်ပတ်တာကို အကောင်းဆုံးဖြတ်ကျော်နိုင်စေမယ့် ဒဿနလေးများ

blank

၁။ နေမင်းကြီးကိုသာမျက်နှာမူထားရင် ကျန်တဲ့အရိပ်တွေကို သင်မြင်စရာအကြောင်းမရှိတော့ပါဘူး။

၂။ ပျော်ရွှင်တဲ့အခါ သင်ပြုံးသလို သင်ပြုံးတဲ့အခါလည်း ပျော်ရွှင်လာမှာပါ။

၃။ အရှိအတိုင်းနေပါ။ ခံစားရသလိုပြောပါ။ လွတ်လပ်တဲ့ဘဝကို ရယူပါ။

၎။ လမ်းပြပေးတဲ့အလင်းရောင်ကိုကြိုက်ရင် အလင်းရောင်မရောက်ခင် အမှောင်ထုကိုလည်း ကြံ့ကြံ့ခံ နိုင်ဖို့ လိုလိမ့်မယ်။

၅။ ကောင်းမွန်တဲ့အတွေးအခေါ်ရှိတဲ့လူတစ်ယောက်ဟာ အလိုလိုလှနေပြီးသားပါ။

၆။ သင့်လက်ရှိအခြေအနေက သင်ဘယ်ကိုသွားမလဲဆိုတာ မဆုံးဖြတ်နိုင်ပါဘူး။ သင်စတင်တဲ့ နေရာ ကိုသာ သတ်မှတ်နိုင်မှာပါ။

၇။ အလှစစ်ရှိတယ်ဆိုတာ လက်ခံနေရုံနဲ့မပြီးပါဘူး။ မြင်အောင်ရှာဖွေကြည့်တတ်ဖို့လည်း လိုပါတယ်။

၈။ အခက်အခဲဆိုတာသင့်ကို အောင်မြင်မှုဆီ ရောက်ရှိစေမယ့် လှေကားထစ်တွေပါ။

၉။ အောင်မြင်မှုကြောင့်ရရှိလာတဲ့အရာတွေထက် သင့်အောင်မြင်မှုက ပိုအရေးကြီးပါတယ်။

၁ဝ။ အဓိပ္ပာယ်ရှိတဲ့ဘဝဆိုတာ အသက်ရှင်နေရုံသက်သက်မဟုတ်ဘဲ ကြိုးစားမှု၊ ချစ်ခြင်းမေတ္တာ၊ ပျော် ရွှင်စရာတွေနဲ့အတူ အမြဲဆက်လက်တိုးတက်နေဖို့ဖြစ်တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁၁။ လွယ်ကူတဲ့ဘဝဆိုတာ မရှိပါဘူး။ ကြိုးစားရယူရတဲ့ အောင်မြင်မှုဆိုတာပဲ ရှိပါတယ်။

၁၂။ တန်ဖိုးရှိတဲ့သင့်ဘဝအချိန်တိုတိုလေးကို သူတစ်ပါးထင်မြင်ချက်တွေနဲ့ အသက်မရှင်လိုက်ပါနဲ့။

၁၃။ ပိုကောင်းတဲ့အောင်မြင်မှုတိုင်းဟာ ရယူဖို့ပိုခက်ခဲတယ်။

၁၄။ ကြောက်နေရင်တောင်မှ ဇွဲမလျှော့လိုက်ပါနဲ့။

၁၅။ သင့်ကိုဘယ်သူက သွားခွင့်မပြုတာလဲဆိုတာက ပြဿနာမဟုတ်ပါဘူး။ သင်သွားချင်တဲ့နေရာကို မသွားဘဲရပ်နေတာက ပြဿနာပါ။

၁၆။ ပျော်ရွှင်မှုနဲ့ အရာရာကို ဝယ်ယူလို့မရပါဘူး။ ဒါပေမဲ့ စိတ်ချမ်းသာမှုကိုတော့ ပျော်ရွှင်မှုနဲ့ပဲ ရယူနိုင် တာပါ။

စိတ်ဓာတ်ခွန်အားတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။