ချောကလက်နဲ့ပတ်သက်တဲ့အံ့သြစရာအချက်အလက်များ

blank

၁။ ချောကလက်နံ့ဟာ အပန်းပြေစေတဲ့ Theta ဦးနှောက်လှိုင်းကို တိုးမြှင့်ပေးပါတယ်။

၂။ ချောကလက်ဖြူဟာ ကိုကိုးအခဲနဲ့အရည်မပါဝင်တဲ့သဘာဝချောကလက်ဖြစ်ပါတယ်။

၃။ ချောကလက် ၁ ပေါင်မှာ ခန့်မှန်းခြေအားဖြင့် ကိုကိုးစေ့ ၄ဝဝ ပါဝင်ပါတယ်။

၎။ အမေရိကန်တွေဟာ စက္ကန့်တိုင်းမှာ ပျမ်းမျှအားဖြင့် ချောကလက် ပေါင် ၁ဝဝ ခန့်စားသုံးနေကြပါတယ်။

၅။ နာမည်ကျော်ချောကလက်လုပ်ငန်းရှင်ကြီး မီလ်တန်ဟာရှီ (Milton Hershey) ဟာ အရေးပေါ် အလုပ် ကြောင့် တိုင်တန်းနစ်မှာလိုက်ပါဖို့ အထူးတန်းလက်မှတ်ဝယ်ထားတာကို ပြန်ဖျက်ပစ်ခဲ့ပါတယ်။

၆။ ချောကလက်အမည်းနေ့တိုင်းစားပေးရင် နှလုံးရောဂါဖြစ်ပွားနိုင်ခြေရဲ့ ၃ ပုံ ၁ ပုံကို လျှော့ချပေးပါတယ်။

၇။ ချောကလက်က ခံတွင်းကိုထိခိုက်စေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေပြီး သွားပိုးစားတာကို ကာကွယ်ပေးပါတယ်။

၈။ ချောကလက်တစ်တောင့်မှာ ပျမ်းမျှအားဖြင့် အင်းဆက်ပိုးမွှားအစိတ်အပိုင်း ၈ ခုပါဝင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၉။ ချောကလက်က ခေါင်းကိုက်စေပါတယ်။ ဒါကြောင့် နာတာရှည်ခေါင်းကိုက်ဝေဒနာရှိသူတွေ၊ ခေါင်းတစ်ခြမ်း ကိုက်တတ်သူတွေကို များများမစားဖို့ ပညာရှင်တွေက ညွှန်းဆိုထားပါတယ်။

၁ဝ။ ချောကလက်မှာ ကဖင်းဓာတ်နဲ့ သကြားဓာတ်ပမာဏမြင့်မားစွာပါဝင်တာကြောင့် ကလေးတွေမှာဖြစ်တဲ့ ADHD (Attention Deficit Hyperactivity Disorder) ဖြစ်စေဖို့ အကြောင်းတရားတစ်ခုဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။

၁၁။ ချောကလက်ဆိုတာ Theobroma cacao ဆိုတဲ့သိပ္ပံအမည်ကနေဖြစ်လာတာပါ။ အဓိပ္ပာယ်က ဘုရားရဲ့ အစားအစာ(food of the gods) ဖြစ်ပါတယ်။

၁၂။ ချောကလက်ဟာ ဝိတ်ထိန်းပေးပြီး စိတ်ခံစားမှုကို ကောင်းမွန်စေတယ်။ ချောကလက်ထဲမှာပါတဲ့ theobromine ဟာ အင်ဒေါ်ဖင်န် (endorphins) ကို တိုးမြှင့်ပေးတာကြောင့် စိတ်ဖိစီးမှုတွေကို လျော့ကျစေ ပါတယ်။

၁၃။ ချောကလက်မှာပါဝင်တဲ့ ဓာတ်တွေက အင်းဆက်အစိတ်အပိုင်းပိုးမွှားမှာ ပါဝင်တဲ့ ဓာတ်တွေနဲ့ တူတာကြောင့် ချောက လက်နဲ့ဓာတ်မတည့်သူတွေဟာ ပိုးဟပ်နဲ့လည်း ဓာတ်မတည့်နိုင်ဘူးလို့ FDA က ဆိုထားပါတယ်။

၁၄။ ပထမဆုံးချောကလက်တောင့်ကို ၁၈၄၇ မှာ ဂျိုးဇက်ဖရိုင်း (Joseph Fry) က တီထွင်ခဲ့ပါတယ်။

၁၅။ ချောကလက်နံ့ဟာ ဦးနှောက်လှိုင်းကို တိုးမြှင့်ပေးတဲ့အတွက် လူတွေဟာ ချောကလက်စားပြီး ပြဿနာ ဖြေရှင်းရင် ရလဒ်ကောင်းပိုထွက်ပါတယ်။

၁၆။ ကမ္ဘာ့အကြီးဆုံးချောကလက်တောင့်ဟာ တန်ချိန် ၆ တန်ချိန်နီးပါးအလေးချိန်ရှိပါတယ်။

သင့်သူငယ်ချင်းတွေထဲမှာ ချောကလက်ကြိုက်သူလေးတွေပါရင် mention ခေါ်ပေးလိုက်ပါဦးနော်။