အထီးကျန်ခြင်းက လူတွေအတွက် ကြောက်လန့်စရာဝန်ထုပ်တစ်ခုလား။

blank

“ အထီးကျန်တယ်” ဆိုတဲ့စကားလုံးကို လူအများစုရဲ့ဘဝမှာ တစ်ခါတရံသုံးနှုန်းဖူးကြမှာပါ။ ဒါပေမဲ့… တစ်ခါတရံမဟုတ်ဘဲ အမြဲလိုလိုသုံးနှုန်းလာရပြီဆိုရင်တော့ အဲ့ဒီဝေဒနာဟာ ကြောက်စရာ နောက်ဆက်တွဲ ပြဿနာတွေပါလာပြီဆိုတာကို ကျွမ်းကျင်သူတွေက သတိပေးထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်း မာရေးအတွက် အောက်ပါဆိုးကျိုးတွေကိုပါ သယ်ဆောင်လာလို့ပါပဲ။

၁။ သွေးတိုးနဲ့ သွေးဖိအားဆိုင်ရာရောဂါများ ဝင်ရောက်လာခြင်း

အထီးကျန်မှုကိုခံစားနေရချိန်မှာ ကာယကံရှင်ရဲ့စိတ်ထဲ ပတ်ဝန်းကျင်ကလည်း ပိုပြီး အန္တရာယ် ရှိလာပါတယ်။ ဒါဟာ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းပါပဲ။ စိုးရိမ်ပူပန်မှုက နှလုံးခုန်နှုန်းကို ပိုမြန်ဆန်စေပြီး သွေးဖိအားကိုလည်း မြင့်တက်စေပါတယ်။

၂။ ခုခံအားစနစ် အားနည်းလာခြင်း

အထီးကျန်နေတဲ့လူတွေရဲ့ခန္ဓာကိုယ်ဟာ လူမှုဆက်ဆံရေးကောင်းမွန်သူတွေလို ပဋိပစ္စည်း တွေ(antibodies) အများကြီး မထုတ်လုပ်နိုင်တော့ပါဘူး။ အကျိုးဆက်အနေနဲ့ ရောဂါဘယတွေကို သဘာဝအတိုင်းခုခံကာကွယ်ပေးတဲ့ ကိုယ်ခံအားစနစ်လည်း အားနည်းလာပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ဖောရောင်လာခြင်း

အထီးကျန်နေတဲ့လူတွေဟာ ကျန်းမာရေးချို့ယွင်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ နှလုံးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ(Alzheimer)၊ သွေးကြောပိတ်ခြင်း စတဲ့ရောဂါများဖြစ်ပေါ်ပြီး နောက်ဆက်တွဲအနေနဲ့ ခန္ဓာကိုယ်ရောင်ရမ်းမှုတွေလည်း ခံစားလာရပါတယ်။

၎။ အိပ်ရေးပျက်ခြင်း

အထီးကျန်ခြင်းက ပုံမှန်အိပ်မပျော်ခြင်း၊ အိပ်ရေးပျက်ခြင်းတို့ကို ဖြစ်ပေါ်စေပြီး အယ်လ်ဇိုင်းမား(Alzheimer) ရောဂါ၊ ကင်ဆာ၊ ဆီးချို၊ စိတ်ဖောက်ပြန်ခြင်း၊ စိတ်ကျရောဂါ၊ အဝလွန်ရောဂါတို့အပြင် စိတ်ပိုင်းဆိုင်ရာရောဂါတွေ ဖြစ်ပေါ်လာစေပါတယ်။

အထီးကျန်ခြင်းဟာ ဖွံ့ဖြိုးတိုးတက်တဲ့အနောက်နိုင်ငံကြီးတွေမှာတောင် ဖြစ်ပွားနေတဲ့ ဝေဒနာ တစ်ခုဖြစ်ပြီး သက်ကြီးရွယ်အိုတွေကြားမှာ ပိုခံစားကြရတယ်လို့ ဆိုပါတယ်။ အထီးကျန်ဝေဒနာကို ကျော်လွှားနိုင်ဖို့ အလုပ်ဘယ်လောက်များများ မိသားစုနဲ့ အချိန်ဖြုန်းဖို့၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မကြာခဏတွေ့ဆုံဖို့၊ မိမိတို့အိမ်မှာ သက်ကြီးရွယ်အိုတွေရှိရင် အဖော်ပြုပေးဖို့ကို စိတ်ပညာရှင်တွေက အကြံပြုတိုက်တွန်းထားကြပါတယ်။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။