အလုပ်ချိန်တွေကို စွမ်းအင်အပြည့်နဲ့ လန်းဆန်းတက်ကြွစွာ ဖြတ်ကျော်နိုင်စေဖို့

blank

၁။ အရင်ဆုံး ကော်ဖီတစ်ခွက်နဲ့ စတင်လိုက်ပါ။ ကဖင်းဓာတ်က လူကို တက်ကြွလန်းဆန်းစေပါတယ်။ ဒါပေမဲ့ အိပ်ရာထချိန်နဲ့ ကော်ဖီသောက်ချိန် အနည်းဆုံး ၂နာရီကွာပါစေ။

၂။ ကာဘိုဟိုက်ဒရိတ်တွေကို မစားပါနဲ့။ အဲဒီအစား ဆယ်လ်မွန်ငါး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ အစေ့အဆံတွေနဲ့ ဟင်းသီးဟင်းရွက်များများစားပါ။

၃။ ရေများများသောက်ပါ။ အလုပ်စားပွဲမှာ ရေဘူးကြီးကြီးထားပြီး မကြာခဏ ရေသောက်ပါ။ ရေဓာတ်ခမ်းခြောက်ရင် နွမ်းနယ်နေတတ်ပါတယ်။

၎။ သဘာဝတရားကြီးကို ခံစားပါ။ အပင်စိမ်းစိမ်းလေးတွေများတဲ့ ပန်းဥယျာဉ်အတွင်း လမ်းလျှောက်ပါ။ သစ်ပင်တွေအောက်မှာ လမ်းလျှောက်ရင် ဦးနှောက်နဲ့ စိတ်ကိုကြည်လင်စေပါတယ်။

၅။ ဂီတကိုခံစားပါ။ သီချင်းနားထောင်ပါ။ ဂီတရဲ့ အစွမ်းက စွမ်းအင်ကို မြှင့်တင်ပေးနိုင်ပါတယ်။

၆။ ချွေးထွက်တဲ့အထိ အားကစားလုပ်ပါ။ ဒါမှမဟုတ် လှေကားအတက်အဆင်းလုပ်ပါ။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ ရယ်မောပါ။ လေ့လာတွေ့ရှိချက်တွေအရ ရယ်မောခြင်းက စိတ်စွမ်းအင်ရော၊ ကိုယ်စွမ်းအင်ကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။

၈။ ဖရုံစေ့စားပါ။ ဖရုံစေ့မှာ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်ကြွယ်ဝစွာ ပါတဲ့အပြင် L-tryptophan နဲ့ amino acid တွေပါဝင်တာကြောင့် လန်းဆန်းတက်ကြွစေပါတယ်။

၉။ ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေရဲ့ ဗီဒီယိုလေးတွေကြည့်ပါ။

၁ဝ။ လုပ်စရာအလုပ်တွေကို သေချာစီစဉ်ပါ။ စိတ်ဖိစီးတွေများရင် စိတ်ပင်ပန်းစေပါတယ်။ အရေးကြီးတဲ့အလုပ်တွေကိုပဲ ဦးစားပေးပြီး အာရုံထားပါ။

၁၁။ မွှေးရနံ့လေးတွေ ရှူရှိုက်ပါ။ မွှေးရနံ့လေးတွေက စိတ်ကို ကြည်လင်စေပါတယ်။

၁၂။ အလုပ်စားပွဲကို ရှင်းရှင်းလင်းလင်းထားပါ။ အလုပ်စားပွဲက ရှုပ်နေရင် ပိုပြီး စိတ်ရှုပ်ထွေးစေပါတယ်။

၁၃။ မတ်တပ်ရပ်ပါ။ မကြာခဏ မတ်တပ်ရပ်ပေးခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နောက်ကျောတက်၊ ဇက်ကြောထိုးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၁၄။ အသက်ဝဝရှူပါ။ အချိန်မီပြီးအောင်လုပ်ရမယ့် တာဝန်တွေနဲ့ ဘေးကြပ်နံကြပ်အခြေအနေတွေက စိတ်ကို ရှုပ်ထွေးပြီးပင်ပန်းစေပါတယ်။ အသက်ဝဝရှူပြီး စိတ်ဖိစီးမှုတွေကို လျှော့ချလိုက်ပါ။

၁၅။ မျက်လုံးတွေကို အနားပေးပါ။ Screen တွေကို အကြာကြီးကြည့်နေရရင် မျက်လုံးတွေလည်း ပင်ပန်းပြီး အာရုံကြောကိုလည်း အားနည်းစေပါတယ်။ Screen ကို မိနစ် ၂ဝ ကြည့်ပြီးတိုင်း စက္ကန့်၂ဝလောက် မျက်စိမှိတ်ပြီး မျက်လုံးကို အနားပေးပါ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။