သင်သေသွားတဲ့အခါ

blank
သင်သေသွားတဲ့အခါမှာ…

သင်ငွေဘယ်လောက်ပိုင်တယ်ဆိုတာ ဘယ်သူမှ မမှတ်မိတော့ဘူး၊

သင်ဘယ်လောက်လှူခဲ့တယ်ဆိုတာကိုပဲ မှတ်မိနေကြလိမ့်မယ်။

သင်သေသွားတဲ့အခါမှာ…

သင်ဘာကားစီးခဲ့တယ်ဆိုတာ ဘယ်သူမှ မမှတ်မိတော့ဘူး၊

သင် လူတွေကို ဘယ်လိုကူညီခဲ့လဲဆိုတာကိုပဲ မှတ်မိနေကြလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင်သေသွားတဲ့အခါမှာ…

သင် စိန်ရွှေရတနာတွေ ဘယ်လိုဝတ်ခဲ့တယ်ဆိုတာ ဘယ်သူမှမမှတ်မိတော့ဘူး၊

သင်မျက်နှာက အပြုံးတွေနဲ့ သင့်နှလုံးသားရဲ့ ကြင်နာမှုကိုပဲ မှတ်မိနေကြလိမ့်မယ်။

လူကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်ပါ။

လူပီသပြီး လူ့ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့သူတွေက လူသေသွားရင်တောင်

နာမည်ဘယ်တော့မှ မသေပါဘူး။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။