လုပ်ငန်းခွင်အတွင်းမှာ ဘယ်ရာထူးနဲ့ အလုပ်လုပ်နေသည်ဖြစ်စေ တစ်မိုးအောက်တည်းမှာ အတူတူ အလုပ်လုပ်နေသူတိုင်းဟာ လုံခြုံမှုရှိစွာ၊ သိက္ခာတရားရှိစွာ အလုပ်လုပ်ခွင့်ကို ရသင့်ပါတယ်။ ဒါပေမဲ့ အချို့သော သူတွေကတော့ လုပ်ငန်းခွင်အတွင်းမှာ ဝန်ထမ်းအချင်းချင်းဖြစ်စေ၊ ရာထူးကြီးသူကပဲဖြစ်စေ လိင်ပိုင်းဆိုင်ရာ အနိုင့်ကျင့်စော်ကားမှု တွေကို ကြုံတွေ့နေရနိုင်ပါတယ်။
လုပ်ငန်းခွင်အတွင်းမှာ ကြုံလေ့ကြုံထရှိတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကတော့…
- လုပ်ဖော်ကိုင်ဖက်တွေကို မဖွယ်မရာပုံတွေ၊ ဗွီဒီယိုတွေ ပို့ပေးတာ
- လိင်ကိစ္စတွေကို နှိုးဆွတဲ့ စာတိုတွေပို့တာ၊ မက်ဆေ့ဂ်ျပို့တာ၊ အီးမေးလ်ပို့တာ
- အလုပ်စားပွဲမှာ မမြင်သင့်မမြင်အပ်တဲ့ ဓာတ်ပုံတွေ ပိုစတာတွေ ကပ်ထားတာ
- 18+ ဆန်တဲ့ ဟာသတွေပြောပြတာ
- မဖွယ်မရာအမူအရာတွေ လုပ်ပြတာ
- မကြားတကြားနဲ့ သားပြောမယားပြောတာ
- မတော်တဆလိုလိုနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိကိုင်တာ၊ ပွတ်သပ်တာ၊ ပုတ်တာ
- အခြားသူတွေအကြောင်းပြောရင်း လိင်ပိုင်းဆိုင်ရာအကြောင်းအရာတွေ၊ အိပ်ရာပေါ်က ကိစ္စတွေကို မတော်တဆပြောမိသလို ပြောတာ
- အခြားလူတွေရဲ့ လိင်စိတ်ခံယူမှုတွေအကြောင်း လာဆွေးနွေးတာ တွေပဲဖြစ်ပါတယ်။
အဲ့ဒီလို အမြတ်ထုတ်စော်ကားမှုတွေဟာ ကြုံတွေ့ရတဲ့သူကို စိတ်မသက်မသာဖြစ်စေတဲ့အပြင် အလုပ်အကိုင်အတွင်းမှာ စွမ်းဆောင်ရည်တွေ လျော့ကျစေပါတယ်။ လုပ်ငန်းအတွင်းမှာ ကြီးကြပ်သူတွေအနေနဲ့ အဲ့ဒီလိုအကြမ်းဖက်မှုတွေ ရှိနေတယ်ဆိုရင် ထိရောက်စွာအရေးယူ တုံ့ပြန်ပေးဖို့လည်း အရေးကြီးပါတယ်။
သင်ဟာ လုပ်ငန်းခွင်အတွင်းက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားမှုတွေကို ရှုံ့ချတယ်ဆိုရင် ဒီစာစောင်လေးကို SHARE ပေးလိုက်ပါ။