ကိုယ့်ကိုယ်ကို သတ်သေဖို့ကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူးလား

blank

          တစ်ခါတလေမှာ စိတ်ခံစားမှုတွေ အမှောင်အတိကျနေပြီး စိတ်ရဲ့အလင်းကို ပြန်ပြီးတော့တောင် တွေးမရတော့တဲ့အချိန်တွေ ရှိတယ်။ တစ်ခါတလေမှာ ရေချိုးခန်းထဲမှာ ငိုဖို့၊ ခေါင်းအုံးပေါ်မှာ မျက်ရည်ကျဖို့အောင် အင်အားမရှိတော့လောက်အောင် နွမ်းနယ်နေတဲ့ အချိန်တွေရှိတယ်။ မျှော်လင့်ချက်မဲ့နေတဲ့အချိန်တွေ ရှိတတ်တယ်။

ဒီလိုအချိန်တွေကို ကြုံတွေ့နေရပြီဆိုရင် စိတ်ထဲမှာ အမှောင်ထုကြီးပဲ ဖုံးလွှမ်းနေတတ်တယ်။ တစ်ဘဝလုံး ဒီလိုပဲ ခံစားသွားရမှာလားဆိုတဲ့အတွေးနဲ့ ဘဝကြီးကို စိတ်ကုန်သွားပြီး ထွက်ပေါက်ရှာဖို့ စဉ်းစားတတ်ကြတယ်။ ဒီဘဝကိုအဆုံးသတ်ဖို့၊ ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ပေါ့။ ဒီလိုအချိန်တွေမှာ ဒီလိုတွေးမိလို့ အပြစ်မဆိုပါဘူး၊ တကယ်လည်း စိတ်တွေက မွန်းကြပ်ပြီး နာကျင်နေတာကိုး။

ဒါပေမဲ့ ပြန်တွေးစရာတစ်ခုက အဲဒီလို သတ်သေလိုက်လို့ရော ပိုကောင်းသွားမှာလားဆိုတာပါပဲ။ သတ်သေလိုက်တဲ့အခါ၊ ဘဝကြီးကို အရှုံးပေးလိုက်ရတဲ့အခါ ပိုကောင်းသွားမှာလား၊ ဆိုးသွားမှာလားဆိုတာကို အဖြေမထုတ်ခင် အောက်မှာ ဖော်ပြထားတဲ့အချက်လေးတွေကို အရင်ဖတ်ကြည့်လိုက်ရအောင်။

၁။ သင်ဟာ လူသားတစ်ယောက်ပါ။ လူသားတစ်ယောက်ဖြစ်တဲ့အတွက် သင်က အဖိုးတန်တယ်၊ လူသားတစ်ယောက်ဖြစ်တဲ့အတွက် ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်တယ်၊ လူသားတစ်ယောက်ဖြစ်တဲ့အတွက် စိတ်ချမ်းသာစရာကောင်းတဲ့ဘဝကို ပိုင်ဆိုင်ထိုက်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ သင်ဖြတ်သန်းလာခဲ့တဲ့နေ့ရက်တွေကို ပြန်ကြည့်လိုက်ပါ။ အဲဒီနေ့ရက်တွေမှာ ခက်ခဲပင်ပန်းလွန်းတယ်ဟုတ်။ အဲဒီနေ့ရက်တွေကိုတောင် ကျော်ဖြတ်နိုင်လာပြီပဲ၊ ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်စမ်းပါ။ ရှေ့ဆက်ရမယ့်နေ့ရက်တွေကိုလည်း သင်အကောင်းဆုံးဖြတ်ကျော်နိုင်မှာပါ။

၃။ သင့်စိတ်ကို နာကျင်စေတဲ့အခက်အခဲတွေကပဲ သင့်ကို စိတ်ဓာတ်ခိုင်မာစေတာပါ။ အဲဒီအခက်အခဲတွေကို သင်အနိုင်ယူနိုင်ခဲ့တယ်မဟုတ်လား။ သင့်မှာ အရာရာကို တိုက်ခိုက်ပြီး အနိုင်ယူနိုင်စွမ်းတွေရှိပါတယ်။ ဆက်ပြီးတော့လည်း အနိုင်ယူနိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ထားပါ။

ကဲ… ဘယ်လိုလဲ။ “ငါသေသွားရင်ကောင်းမှာ” လို့ တွေးနေတုန်းပဲလား။ ဒါကြောင့် တစ်ယောက်တည်းအထီးကျန်အားငယ်ပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ကလွဲပြီး ဘာမှမတတ်နိုင်ဘူးလို့ တွေးနေမိရင် ဆက်ပြီး ရင်ဆိုင်ပါ၊ အားမွေးပြီး တိုက်ခိုက်ပါ။  တိုက်ခိုက်နေသရွေ့ဘယ်တော့မှ မရှုံးပါဘူး။ ကိုယ်တိုင် လက်လျှော့အရှုံးပေးလိုက်မှသာ ရှုံးတာပါ။

ဘာဆက်လုပ်မလဲဆိုတာ သိသွားပြီမို့လား။ စိတ်ဓာတ်ကျနေတဲ့သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦးနော်။