ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တဲ့အခါ ဘယ်လိုအကျိုးထူးတွေရနိုင်လဲ

blank

ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခြင်း (Self-reflection) ဆိုတာ ကိုယ့်စိတ်ကိုယ် မြင်အောင်ကြည့်ခြင်းပဲဖြစ်ပါတယ်။ စိတ်ထဲမှာ ပျော်နေလား၊ ဘယ်လိုအတွေးတွေရှိနေလဲ၊ ဘာတွေဖြစ်နေလဲဆိုတာကို သတိနဲ့ အသိနဲ့ယှဉ်ပြီး ဆန်းစစ်ခြင်းကို ဆိုလိုတာပါ။

ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခြင်းကြောင့်

၁။ အရာရာကို ခြုံငုံပြီးဆန်းစစ်နိုင်တယ်။

၂။ ဘဝရည်မှန်းချက်ပန်းတိုင်တွေဆီ အရောက်သွားနိုင်အောင် တွန်းအားတွေပေးနိုင်တယ်။

၃။ အချိန်စီမံခန့်ခွဲမှုကို ပိုပြီးထိရောက်စေတယ်။

၎။ စိတ်ရဲ့ ခံစားမှုအစစ်အမှန်တွေကို သိရှိစေတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ အောင်မြင်မှုတွေကို အသိအမှတ်ပြုမိစေတယ်။

၆။ အလုပ်နဲ့ဘဝကို မျှတစွာစီမံနိုင်စေတယ်။

၇။ အမှားတွေကနေ သင်ခန်းစာယူစေနိုင်တယ်။

ဒီလိုအကျိုးထူးတွေကိုရဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ပါ။ ဘာမှ အပန်းမကြီးဘူး။ တစ်နေ့ကို ၅ မိနစ်လောက်အချိန်ယူပြီး ကိုယ့်ရဲ့ စိတ်တစ်ခုလုံးကို ပြန်ပြီးဆန်းစစ်ကြည့်ပါ။ ဒီလိုနဲ့ အကျင့်ဖြစ်သွားရင် ကိုယ့်ကိုယ်ကိုချစ်တတ်၊ တန်ဖိုးထားတတ်လာပြီး ကိုယ့်ရည်မှန်းချက်တွေကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်မှာပါ။ စမ်းကြည့်လိုက်ပါ။

သူငယ်ချင်းတွေအတွက် ဒီစာစောင်လေးကို SHARE ပေးလိုက်ပါဦး။