မိန်းကလေးတစ်ယောက်ပြောတဲ့ စကားတွေရဲ့ နောက်ကွယ်က အဓိပ္ပါယ်

blank

ချစ်သူကောင်မလေးက သင့်လုပ်ရပ်ကို “ကောင်းတယ်” လို့ နှစ်ခါထပ်ပြီး မှတ်ချက်ချတယ်ဆိုရင်…

အဲဒီလုပ်ရပ်ကို သူမလုံးဝသဘောမကျတာကို ပြသနေတာပါ။ သင့်အနေနဲ့ အလားတူလုပ်ရပ်မျိုးကို နောက်တစ်ခါမလုပ်မိဖို့ သတိထားဖို့ လိုနေပါပြီ။

ချစ်သူကောင်မလေးက လုပ်ချင်ရာလုပ်လေ” လို့ ပြောတယ်ဆိုရင်….

အဲဒီကိစ္စကို ဆက်လုပ်နေမယ်ဆိုရင်တော့ ကျောကော့အောင် အထုအထောင်းခံရနိုင်တာကြောင့် အဲဒီကိစ္စကို ရပ်တန်းကရပ်ဖို့ လိုနေပါပြီ။

ချစ်သူကောင်မလေးက သူမတစ်ခုခုလုပ်ခိုင်းထားတဲ့အချိန် သင်မလုပ်ရသေးတဲ့အခါ…

“ရပြီ ကိုယ့်ပါကိုယ်လုပ်လိုက်မယ်” လို့ ပြောတယ်ဆိုရင်…

သင့်အနေနဲ့ အဲဒီကိစ္စကို အပြီးသတ်ဆောင်ရွက်ပေးဖို့ လိုနေပြီဆိုတာ ညွှန်ပြနေပါပြီ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ချစ်သူကောင်မလေးက “ဘာပဲဖြစ်ဖြစ်လေ” လို့ပြောတယ်ဆိုရင်….

မကြာခင်မှာ ပြဿနာအကြီးအကျယ်အရှာခံရတော့မယ်ဆိုတာ သေချာနေပါပြီ။

ချစ်သူကောင်မလေးက “ဘာမှမဖြစ်ပါဘူး” လို့ပြောတယ်ဆိုရင်…

သင်နဲ့ ပတ်သက်ပြီး သူမစိတ်ထဲမှာ အခဲမကြေတာ တစ်ခုခုရှိနေတာ သေချာသလောက်ရှိပါပြီ။ သင့်အနေနဲ့ သူမပြောလာအောင် စိတ်ရှည်ရှည်ထားပြီးမေးဖို့နဲ့ သူမကိုနှစ်သိမ့်ပေးဖို့ လိုနေပါပြီ။

ချစ်သူကောင်မလေးက “ရပါတယ်” ကို လေသံပျော့ပျော့နဲ့ ပြောနေပြီဆိုရင်…

သင့်ကိုသူမစိတ်ဆိုးစိတ်ကောက်နေတာပါ။ သင်အနေနဲ့ သူမစိတ်ပြေတဲ့အထိ စိတ်ရှည်ရှည်သာထားပြီး ချော့ဖို့လိုနေပါပြီ။

ချစ်သူကောင်မလေးက သင်နဲ့ ငြင်းခုံအငြင်းပွားရင်း “ကောင်းပြီ” လို့ ပြောတယ်ဆိုရင်…

သင့်အနေနဲ့ ဘာမှဆက်မပြောတော့ဘဲ တိတ်တိတ်နေဖို့ လိုနေပါပြီ။

ချစ်သူကောင်မလေးက “သွားတော့” လို့ ပြောတယ်ဆိုရင်….

သူမရဲ့ ဘေးနားမှာနေပေးဖို့ လိုအပ်နေတယ်ဆိုတာကို ပြသနေတာပါ။ သင့်အနေနဲ့ သူမကို ပွေ့ဖက်နှစ်သိမ့်ပေးဖို့ လိုနေပါပြီ။

မိန်းကလေးတွေဆိုတာလေ ပျော်ရွှင်မှုတွေကို မျက်ရည်နဲ့ဖော်ပြတတ်တယ်။ ချစ်ခြင်းတွေကို ဆိုးနွဲ့မှုတွေနဲ့ ထုတ်ဖော်တတ်တယ်။ သိပ်ချစ်တတ်လာရင် ရစ်တတ်လာတာလည်း ကျွန်မတို့ မိန်းမသားတွေပါ။ နှလုံးသားတစ်ခုလုံး ပုံအပ်ထားတဲ့ ချစ်သူအပေါ်မှာ အနိုင်ယူတတ်ပေမယ့် အရေးကြုံလာတဲ့အခါ ချစ်သူဘေးမှာ မားမားမတ်မတ်ရပ်တည်ပေးတတ်သူတွေပါ။ နားကြပ်လိုပဲ ဘယ်လောက်ပဲ ရှင်းရှင်းရှုပ်နေတတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်ဟာ ချစ်သူကို ဆုံးရှုံးရမလားဆိုတဲ့ အတွေးတွေနဲ့လည်း တစ်ယောက်တည်း ထိတ်လန့်နေတတ်ပါတယ်။

ဒါကြောင့် သင့်ကိုသစ္စာထားပြီး ချစ်မြတ်နိုးတာကြောင့် အမြဲတမ်းဆိုးနွဲ့နေတတ်တဲ့ ချစ်သူကောင်မလေးကို ချစ်ခြင်းမေတ္တာတွေ၊ ဂရုစိုက်မှုတွေ ပေးအပ်လိုက်ပါနော်။