ဘဝဆိုတာ အချိန်ကန့်သတ်ထားတဲ့ခေတ္တနားခိုရာပါ။ နောင်တတရားမရှိဘဲ ရှင်သန်လိုက်ပါ။

blank

        နောင်တတရားတွေပွေ့ဖက်ရင်း နေထိုင်ရာကမ္ဘာမြေကြီးနဲ့ ချစ်ခင်ရသူတွေကို စွန့်ခွာထားခဲ့ပြီး အပြီးတိုင်ထွက်သွားရတော့မယ့် ဘဝနောက်ဆုံးနေ့ရက်တွေဆိုတာ လူတိုင်းအတွက် ကြေကွဲဝမ်းနည်း စရာဖြစ်မှာပါ။ ဘဝမှာ အဲ့ဒီနောင်တလေးတွေကင်းစင်ဖို့ဆိုရင် အောက်မှာဖော်ပြထားတဲ့ နောင်တရ စရာအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦးနော်။

၁။ လုပ်ချင်တာလေးတွေကို မလုပ်ဘဲကြောက်နေခဲ့တဲ့အတွက် ဖြစ်ချင်တာလေးတွေ ဖြစ်ခွင့်မရခဲ့တာ။

၂။ ကိုယ့်ဘဝထဲက ကောင်းကွက်လေးတွေကို မြင်အောင်မကြည့်၊ တန်ဖိုးမထားခဲ့မိတာ။

၃။ ချစ်တဲ့သူတွေကို ချစ်တဲ့အကြောင်း မပြောခဲ့မိတာ။

၎။ မိဘတွေရဲ့အကြံဉာဏ်ကို တန်ဖိုးမထားခဲ့မိတာ။

၅။ တခြားသူဝေဖန်မှာကြောက်နေရင်းနဲ့ပဲ ဘာမှမလုပ်ဘဲ ရှင်သန်နေခဲ့မိတာ။

၆။ လိုချင်တာရဖို့ လုံ့လမစိုက်ဘဲ အချိန်တွေဖြုန်းတီးခဲ့မိတာ။

၇။ ကိုယ့်ကိုယ်ကိုအတွက်မရပ်တည်ဘဲ မလိုအပ်တဲ့စည်းမျဉ်းတွေနဲ့ဆန္ဒတွေကို အကျဉ်းချထားခဲ့တာ။

၈။ အဘိုးအဘွားတွေမကွယ်လွန်ခင် အချိန်ပေးပြီး စကားစမြည်မပြောခဲ့မိတာ။

၉။ လက်ရှိအခိုက်အတန့်လေးတွေကို တန်ဖိုးမထားဘဲနေခဲ့မိတာ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁ဝ။ သားသမီးတွေနဲ့ အတူဆော့ကစားပေးတာမျိုး မရှိခဲ့တာ။

၁၁။ ကြီးမားတဲ့စွန့်စားမှုတွေ တစ်ခါမှမလုပ်ဘဲ သမားရိုးကျရှင်သန်ခဲ့မိတာ။

၁၂။ အရာရာကို စိုးရိမ်ပူပန်ရင်းနဲ့ဘဲ အချိန်တွေကို ကုန်ဆုံးစေခဲ့မိတာ။

၁၃။ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို အချိန်မပေးခဲ့မိတာ။

ဂန္ထဝင်စာချစ်သူများအားလုံးလည်း ဘဝကို နောင်တကင်းစွာဖြတ်သန်းနိုင်ကြပါစေနော်။ စာ စောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦး။