တိတ်ဆိတ်ခြင်းရဲ့နောက်ကွယ်မှာ ဒီလိုအဓိပ္ပာယ်လေးတွေရှိနေတယ်။

blank

တချို့လူတွေစကားအလွန်နည်းကြပါတယ်။ ဒါပေမဲ့ စကားနည်းတိုင်းလည်း သူတို့မှာ ပြောစရာ မရှိလို့ မဟုတ်ပါဘူး။ နှုတ်ဆိတ်နေခြင်းရဲ့နောက်ကွယ်မှာရှိတဲ့အဓိပ္ပာယ်လေးတွေကို ပညာရှင်တွေက ဒီလိုဖွင့်ဆိုထားကြပါတယ်။

၁။ ဆက်ပြောပါ။ နားထောင်နေပါတယ်။

၂။ နားထောင်ရင်းနဲ့စဉ်းစားနေပါတယ်။

၃။ ဒီအကြောင်းတွေမျှဝေနိုင်လို့ ဝမ်းသာပါတယ်။

၎။ လောလောဆယ် ဒီအကြောင်းပြောရမှာ စိတ်မပါဘူးဖြစ်နေတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ရပါတယ်။ သင်အဆင်ပြေသလိုလုပ်ပါ။

၆။ ဒီကိစ္စကို လုံးဝငြင်းဆန်ပါတယ်။

ဒါပေမဲ့… တချို့လူတွေက လူကဲခတ်ကောင်းပေမဲ့၊ တချို့လူတွေကတော့ မပြောရင် မသိတဲ့ အတွက် နားထောင်ရုံသက်သက်နဲ့ပြန်လည်ဆွေးနွေးခြင်းမပြုခြင်းက နှစ်ဦးနှစ်ဖက် လိုရင်းမရောက်ဘဲ ပြီးသွားစေပါတယ်။ စကားနည်းတာက ပြဿနာကင်းစေတာမှန်ပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေမှာ အ ပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်းက ပိုထိရောက်အောင်မြင်စေနိုင်တာကြောင့် စကားများများပြောဖို့ လည်း ကျွမ်းကျင်သူတွေက အဆိုပြုထားကြပါတယ်။

စကားနည်းတဲ့သူငယ်ချင်းလေးတွေရှိရင်လည်း စာစောင်လေးတွေမျှဝေဖို့ mention ခေါ်လိုက် ပါဦးနော်။