မတော်တဆ ပျားတုပ်ခံရရင် ဒီနည်းလမ်းလေးတွေအတိုင်း ကုသလိုက်ပါ

blank

         သတ္တဝါတိုင်းမှာ ရန်သူကို ခုခံတိုက်ခိုက်ဖို့ သဘာဝကပေးတဲ့ လက်နက်တွေရှိပါတယ်။ ပျားတွေရဲ့ လက်နက်ကတော့ ပျားဆူးပါ။ ပျားတွေဟာ သူတို့ရဲ့ ပျားအုံကိုဖျက်ဆီးလာသူတွေကို အငြှိုးတကြီး လိုက်တုပ်တတ်ကြပါတယ်။ ဒါပေမဲ့ တခါတလေမှာ ပျားတွေနဲ့ လူအကြား နားလည်မှုလွဲပြီး သူတို့ပျားအုံကို မဖျက်ဆီးဘဲနဲ့တောင် ရန်မူမယ်ထင်ပြီး လိုက်တုပ်တတ်ကြပါတယ်။ အထူးသဖြင့် နွေရာသီမှာပေါ့။ ဘာကြောင့်ပဲဖြစ်ဖြစ် ပျားတုပ်ခံရတာလေးနဲ့ အသက်အန္တရာယ်မဖြစ်အောင်၊ ပြီးတော့ ပျားတုပ်ခံရတဲ့ဒဏ်ရာ အမြန်သက်သာအောင် အရေးပေါ်ကယ်ဆယ်ကုသနည်းလေးတွေကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်ရှင်။

၁။ ပျားဆူးကို ဖယ်ရှားပါ။

ပျားတွေက တုပ်ပြီးတာနဲ့ သူတို့ရဲ့ ဆူးကို လူ့အသားထဲမှာ ချန်ထားခဲ့ပါတယ်။ ပျားဆူးကို လက်သည်း (ဒါမှမဟုတ်) ဇာဂနာလေးနဲ့ အသာလေးဆွဲနှုတ်လိုက်ပါ။ ပျားဆူးမနှုတ်ခင် လက်ကို သေသေချာချာဆေးဖို့လိုပါတယ်။ ဆူးတစ်ခုလုံးကို သေသေချာချာဖယ်ရှားပါ။ ပျားဆူးရဲ့ အစိတ်အပိုင်းလေးက အသားထဲမှာ ကျန်နေရင် အနာမကျက်ဘဲ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

၂။ အတုပ်ခံရတဲ့နေရာကို ဆေးလိမ်းပါ။

ပြီးရင် အတုပ်ခံရတဲ့နေရာတဝိုက်ကို ဆပ်ပြာပျော့ပျော့လေးနဲ့ ဆေးကြောပါ။ ပြီးရင် ဆေးလိမ်းပါ။ ဆေးအလွယ်အတူမရှိရင် မုန့်ဖုတ်ဆိုဒါကို ရေနဲ့ပျစ်ပျစ်လေးဖျော်ပြီး လိမ်းပါ။ ပျားရည် (ဒါမှမဟုတ်) သွားတိုက်ဆေးလေး လိမ်းပေးလို့လည်း ရပါတယ်။ တစ်ခုခုလိမ်းပြီး အဝတ်စသန့်သန့်လေးတစ်ခုနဲ့ ဖုံးထားပါ။ ပျားရည်လိမ်းမယ်ဆိုရင် တစ်နာရီကြာမှ ရေဆေးလိုက်ပါ။ သွားတိုက်ဆေးလိမ်းမယ်ဆိုရင်တော့ နာရီဝက်လောက်ရှိတာနဲ့ ရေဆေးလိုက်ပါ။

၃။ ရေခဲကပ်ပါ။

ပျားတုပ်ခံရပြီးရင် ရောင်ကိုင်းလာတတ်တာတွေကို သက်သာစေဖို့ အတုပ်ခံရတဲ့ နေရာတဝိုက်ကို ရေခဲကပ်ပါ။ အကောင်းဆုံးကတော့ လက်ကိုင်ပုဝါသန့်သန့်လေးထဲကို ရေခဲတုံးလေးတွေထည့်ပြီး ရေခဲကပ်ဖို့ပါပဲ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ဆေးသောက်ပါ။

Analgesics နဲ့ antihistamines တို့လိုမျိုး အကိုက်အခဲပျောက်ဆေး၊ ဓာတ်မတည့်ပျောက်ဆေးတို့ကို သောက်သုံးနိုင်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် သောက်တာထက် နားလည်တတ်ကျွမ်းသူကို မေးပြီးသောက်တာ ကောင်းပါတယ်။ ကလေးငယ်လေးတွေကိုတော့ analgesics မတိုက်သင့်ပါဘူး။

၅။ လိုအပ်ရင် ဆေးရုံကိုသွားပါ။
  • ပျားတုပ်ခံရတဲ့ ဒဏ်ရာတွေက များပြီး ပြင်းထန်တယ်ဆိုရင်
  • ခေါင်းမူးတယ်ဆိုရင်
  • လျှာတွေပါ ရောင်ပြီး ထုံလာတယ်ဆိုရင်
  • အရေပြားတွေ အရမ်းဖုဖောင်းပြီး ကွဲထွက်မတတ်ဖြစ်နေတယ်ဆိုရင်
  • အသက်ရှူရခက်ခဲတယ်ဆိုရင်

ဆေးရုံကို ချက်ချင်းသွားပါ။ ပျားကြီးတို့၊ ပဒူတို့ တုပ်ခံရရင် အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ဗဟုသုတစာစောင်လေးဖြစ်တာကြောင့် SHARE ပေးလိုက်ပါဦးနော်။