သင့်ကို မိန်းမချောတစ်ယောက်ဖြစ်စေမယ့် နည်းလမ်းများ

blank
  • Moisturizer ကို မှန်မှန်လိမ်းပါ။
  • တခြားသူမျက်စိထဲကြည့်ကောင်းဖို့ထက် သင့်အတွက် သက်တောင့်သက်သာရှိပြီး ကြည့် ကောင်းမယ်ထင်တာကို ဦးစားပေးဝတ်ဆင်ပါ။
  • မိတ်ကပ်များများလိမ်းဖို့ထက် သင့်အသားအရေအမျိုးအစား၊ သင့်မျက်နှာကျပုံနဲ့လိုက်ဖက်မယ့် မိတ်ကပ်ပုံစံကို ရွေးချယ်ပါ။
  • လက်သည်းနီဆိုးပါ။ မဆိုးရင် လက်သည်းသပ်သပ်ရပ်ရပ်ညှပ်ပါ။
  • ပဲများရာကျနေရင်တောင် သင်သဘောကျတာကို ဝတ်ပါ။ ဒါက သင့်ကိုယ်ပိုင်အခွင့်အရေးပါ။
  • ခန္ဓာကိုယ်ကျန်းမာရေးအတွက် အစားအသောက်၊ လေ့ကျင့်ခန်းတွေနဲ့ ဂရုစိုက်ပေးပါ။
  • ရယ်စရာတွေ့ရင် ရယ်ချင်သလောက် ဟက်ဟက်ပက်ပက်ရယ်ပစ်လိုက်ပါ။
  • ဓာတ်ပုံရိုက်ရင် ပြုံးရယ်ပါ။
  • ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်စကား လှိုက်လှိုက်လှဲလှဲ ပြောပါ။
  • ချေးချွတ်တာ၊ moisturizer လိမ်းခြယ်တာမျိုးနဲ့ အသားအရေကို ကောင်းကောင်းဂရုစိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
  • မှန်ကြည့်တိုင်း သင့်ကောင်းကွက်လေးတွေကို မြင်ပါ။ သင့်ကိုယ်သင်တန်ဖိုးထားပါ။
  • တစ်ယောက်ယောက်က ချီးကျူးတဲ့အခါ တင့်တယ်စွာလက်ခံပါ။ ဒါက ဘဝင်မြင့်တာမဟုတ်ဘဲ သင့်ကိုယ်သင်တန်ဖိုးထားချစ်ခင်ရာကျတဲ့အပြုအမူပါ။
  • နူးညံ့သိမ်မွေ့စွာနေထိုင်ပါ။ ဒါပေမဲ့ အရာရာကိုတွန့်ဆုတ်နေတဲ့ မရင့်ကျက်သူ၊ အားနည်းသူ အဖြစ်နေထိုင်တာမျိုး ရှောင်ပါ။
  • အရေးကြီးကိစ္စတွေမှာ ကြိုတင်ပြင်ဆင်ခြင်းဖြင့် သင့်ကိုယ်သင် ဖိအားတွေမရှိအောင် နေပါ။
  • သင့်ကြိုးစားမှုတစ်ခုပြီးမြောက်တဲ့အခါ သင့်ကိုယ်သင် လက်ဆောင်ကောင်းကောင်းနဲ့ဂုဏ်ပြုပါ။

ကဲ…သင်ကော မိန်းမချောတစ်ယောက်ရဲ့အမူအကျင့်လေးတွေကို ဘယ်နှခုလောက် ပိုင်ဆိုင်ထား ပြီးပြီလဲ။ သူငယ်ချင်းတွေကိုမျှဝေဖို့ စာစောင်လေးကို SHARE လိုက်ပါဦးနော်။